မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မန်ယူအသင်းနဲ့ ဘန်လေအသင်းဟာ တစ်ဖက် ၂ ဂိုး စီ သရေကျခဲ့တာလည်းဖြစ်ပါတယ်။မန်ယူအသင်းဟာ လင်ဂတ်ရဲ့ နောက်ဆုံးမိနစ်ဂိုးကြောင့် အနည်းငယ် အသက်ရှူချောင်ခဲ့ရပြီး သရေ တစ်မှတ် ရရှိခဲ့တာလည်းဖြစ်ပါတယ်။မန်ယူအသင်းဟာ နှစ်ပွဲဆက် သရေကျခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိမှာ မန်ယူအသင်းဟာ ဇယားထိပ်ဆုံးက မန်စီးတီးအသင်းထက် တစ်ပွဲပိုကန်ထားကာ ရမှတ် ၁၂ မှတ်ကွာဟနေသေးတာလည်းဖြစ်ပါတယ်။
မန်ယူအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ လူကာကူ၊ အီဘရာဟီမိုဗစ်၊ မာတာ၊ ရက်စ်ဖို့၊ ပေါ့ဘာ၊ မာတစ် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဘန်လေအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဘားနက်၊ အာဖီးလ်း ၊ ဒီဖော၊ ဟမ်းဒရစ်၊ ဂျက်ကော့ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။မန်ယူအသင်းဟာ သိသိသာသာဖိအားပေးတိုက်စစ်ဆင် ကစားနိုင်ခဲ့ပေမဲ့ ဘန်လေအသင်းက ဦးဆောင်ဂိုးတွေရခဲ့တာကြောင့် နောက်ကနေ ဂိုးတွေသွင်းယူခဲ့ရတာလည်းဖြစ်ပါတယ်။
အဖွင့်ဂိုးကိုတော့ ဘန်လေအသင်းကစတင်ရရှိခဲ့တာဖြစ်ပြီး ဒီဂိုးကိုတော့ ဘားနက် က ပွဲစလို့ ၃ မိနစ်မှာပဲ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ၃၆ မိနစ်မှာတော့ ဒီဖောက ဘန်လေအသင်းအတွက် ဒုတိယဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။၅၃ မိနစ်မှာတော့ လင်ဂတ်က မန်ယူအသင်းအတွက် ချေပဂိုး ပြန်လည်သွင်းယူပေးနိုင်ခဲ့ပါတယ်။(၉၀+၂)မိနစ်မှာ လင်ဂတ်ကပဲ နောက်ထပ် ချေပဂိုးသွင်းယူပေးနိုင်ခဲ့တာကြောင့် တစ်မှတ်စီရရှိခဲ့တာလည်းဖြစ်ပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။