မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူလ်းအသင်းဟာ ဆွမ်ဆီးအသင်းကို ၅ ဂိုး ဂိုးမရှိရလဒ်နဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ဆွမ်ဆီးအသင်းကတော့ ဇယားအောက်ဆုံးမှာ ဆက်လက်ရှိနေတာလည်းဖြစ်ပါတယ်။လီဗာပူလ်းအသင်းကတော့ ရမှတ် ၃၈ မှတ်နဲ့ အဆင့် ၄ နေရာမှာရှိနေတာလည်းဖြစ်ပါတယ်။လီဗာပူလ်းအသင်းရဲ့ ဝေဖန်ခံနေရတဲ့ခံစစ်ကတော့ ဒီနေ့ပွဲမှာ ပေးဂိုးမရှိအောင် ကစားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

လီဗာပူလ်းအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဖာမီနို၊ ကော်တင်ဟို၊ ဆာလက်၊ ချန်ဘာလိန်၊ အမ်မရီကန်၊ ဝစ်ဂျနယ်ဒယ် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဆွမ်ဆီးအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ အိုလီဗာ၊ ဂျော်ဒန်အယူး၊ သောမက်စ်ကာရိုး၊ ဖာ၊ မီဆာ၊ ရိုတန်လီဂါ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဆွမ်ဆီးအသင်းက လီဗာပူလ်းအသင်းရဲ့ တိုက်စစ်ကိုထိန်းချူပ်နိုင်ခဲ့ခြင်းမရှိခဲ့တာကြောင့် ခုလိုဂိုးပြတ်ရှုံးနိမ့်ခဲ့ရတာလည်းဖြစ်ပါတယ်။ 

လီဗာပူလ်းအသင်းအတွက် အဖွင့်ဂိုးကိုတော့ ပွဲစလို့ ၆ မိနစ်မှာပဲ ကော်တင်ဟို ကသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။၅၂ မိနစ်မှာတော့ ဖာမီနိုက ဒုတိယမြောက်ဂိုးကိုသွင်းယူပေးနိုင်ခဲ့ပါတယ်။၆၅ မိနစ်မှာတော့ အာနိုးလ် က တတိယဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။တစ်မိနစ်အကြာမှာပဲ ဖာမီနိုက လေးဂိုးမြောက် ဂိုးကို သွင်းယူပေးခဲ့ပါတယ်။နောက်ဆုံးဂိုးကိုတော့ ချန်ဘာလိန်က သွင်းယူပေးခဲ့တာဖြစ်တာကြောင့် အိမ်ကွင်းမှာ ဂိုးမိုးရွာခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။