မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးကောင်းဆက်နိုင်ဟာ

သူ့ရဲ့အသင်းဟောင်းဖြစ်ခဲ့ဖူးတဲ့ထိုင်းကလပ်ဆာမတ်ဆာခွန်အသင်းဆီပြန်သွားခဲ့ခြင်းနဲ့အပြောင်းအရွှေ့ဇာတ်လမ်းတွေကို

အဆုံးသတ်ခဲ့ပါပြီ။ရန်ကုန်ယူနိုက်တက်မှာပဲ

ဆက်နေမယ်ဆိုနဲ့သတင်းတွေမိသားစုရှိရာစင်ကာပူ

ကS-Leagueမှာကစားမယ်ဆိုတဲ့အပြောင်းအရွှေ့

ပုံပြင်တွေအခုတော့အဆုံးသတ်သွားပါပြီ။ထိုင်းလိဂ်-2

ကလပ်အသင်းတစ်သင်းဖြစ်တဲ့ဆာမတ်ဆာခွန်မှာ

ကောင်းဆက်နိုင်ဟာ2016ခုနှစ်ကလည်း

သွားကစားခဲ့ဖူးပါတယ်။

မြန်မာလူမျိုးတွေအများစုနေထိုင်ကြတဲ့ဆာမတ်ဆာခွန်မြို့ခံ

ဘောလုံးအသင်းလေးမှာကောင်းဆက်နိုင်အတွက်နေရာ

တစ်နေရာရှိပြီးသားပါ။ပရိသတ်ကြိုက်ခြေစွမ်းတွေပြသ

နိုင်ခဲ့တာကြောင့်ကောင်းဆက်နိုင်နာမည်ရခဲ့ပြီးသားလို့

ဆိုရပါမယ်။ဆာမတ်ဆာခွန်ဟာကောင်းဆက်နိုင်ထက်

အရင်အောင်သူနဲ့ကျော်ကိိုုကိုကိုခေါ်ဖို့ကြိုးစားခဲ့ပါသေးတယ်။

ဒါပေမယ့်သူတို့နှစ်ယောက်လုံးကထိုင်းပရီးမီးယားလိဂ်

ကလပ်တွေဆီရောက်သွားလို့ကောင်းဆက်နိုင်ဘက်

ပြန်လှည့်လာခဲ့တာပါ။ဆာမတ်ဆာခွန်ကကောင်းဆက်နိုင်

ကိုခေါ်ယူခဲ့မှုဟာထိုင်းကလပ်တွေရဲ့ငါးဦးမြောက်

မြန်မာကစားသမားခေါ်ယူမှုဖြစ်ခဲ့ပါတယ်။

ပေမယ့်ဆာမတ်ဆာခွန်အသင်းအတွက်ကောင်းဆက်နိုင်

ကိုခေါ်ယူလိုက်တာဟာသင့်တော်တဲ့ခေါ်ယူမှုလို့ပြောလို့ရပြီး

ကောင်းဆက်နိုင်အတွက်လည်းအသားကျနေပြီးသားမို့

ခြေစွမ်းပြနိုင်ဖို့ပူစရာမလိုတော့ပါဘူး။ကောင်းဆက်နိုင်

ဟာစင်ကာပူဆီးဂိမ်းမှာခြေစွမ်းပြပြီးနာမည်ကျော်ကြား

လာတဲ့တိုက်စစ်မှူးဖြစ်ပြီးနာမည်ကြီးတိုက်စစ်မှူး

မျိုးလှိုင်ဝင်းရဲ့တူတော်စပ်သူပါ။ကောင်းဆက်နိုင်တစ်ယောက်

သူရဲ့သွင်းဂိုးတွေနဲ့ဆာမတ်ဆာခွန်အသင်းကိုထိုင်းပရီးမီးယားလိဂ်ဆီခေါ်ဆောင်သွားနိုင်မလားဆိုတာတော့..

Source-Kg Satt Naing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။