ပရိသတ်ကြီးနဲ့ ရင်းနှီးပြီးသားမင်းသမီးတစ်ယောက်လည်းဖြစ်ပါတယ်။ အမြဲ ဖက်ရှင်အလန်းလေးတွေဝတ်ပြီး ပရိသတ်အရှေ့ မကြာခနရောက်လာတက်တဲ့ ရွှေမှုန်ရတီကို ပရိသတ်အများဆုံးသိမှာပါ။ ရွှေမှုန်ရတီဟာ သူ့မဝတ်စားပုံနဲ့ ပတ်သက်ပြီးပရိသတ်များရဲ့ အမြင်စောင်းမှုများကို ခံရသူတစ်ဦးဖြစ်ပေမယ့် သူမကတော့ အမြဲဖက်ရှင်အသစ်အဆန်းတွေကို ဝတ်လေ့ရှိသူတစ်ဦးလည်းဖြစ်ပါတယ်။ 

မနေ့က ရွှေမှုန်ရတီဟာ သူမရဲ့ လူမှုစာမျက်နှာပေါ်မှာ တစ်နေ့တာအတွက်စိတ်ချမ်းသားစရာ နေ့လေးတစ်ရက်ဖြစ်ကြောင်း ရေးသားဖော်ပြထားခဲ့ပါတယ်။ အလန်းစားဖက်ရှင်နဲ့ လှပတဲ့ ဝတ်စားဆင်ယင်မှုနဲ့ အတူ "အရမ်းစိတ်ချမ်းသာရသော နေ့တစ်နေ့"ဆိုပြီး ဓာတ်ပုံများနဲ့ တကွတင်ထားခဲ့ပါတယ်။ တူမတူအောင် ဝတ်ဆင်တက်ပြီး အနုပညာလောကမှာ ပရိသတ်ကြီးရင်းနှီးမှုရရှိအောင် လုပ်ပြနိုင်ခဲ့တဲ့ မင်းသမီးရွှေမှုန်ရတီကတော့ နေ့တစ်နေ့ရဲ့ စိတ်ချမ်းသာမှုကို ဖော်ပြညွန်းဆိုထားပါတယ်။

ချစ်စရာ မင်းသမီးချောလေး ရွှေမှုန်ရတီကို ပရိသတ်ကြီး လည်း ချစ်ကြမယ်ထင်ပါတယ်။ အနုပညာလောကမှာ တမှုထူးခြားတဲ့ မင်းသမီးတစ်လတ်ဖြစ်သည့်အပြင် ညီမငယ် ငွေမှုန်ရတီကိုလည်း အနုပညာလောကထဲ ခေါ်ဆောင်လာနိုင်သူတစ်ဦးလည်းဖြစ်ပါတယ်။ ရွှေမှုန်ရတီရဲ့ အလန်းစားဓာတ်ပုံများနဲ့ အတူပရိသတ်ကြီးကို မျှဝေပေးလိုက်ပါတယ်။

Source - Shwe Mhone Yati

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။