မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ စပါးအသင်းဟာ ဆောက်သမ်တန်အသင်းကို ၅ ဂိုး ၂ ဂိုး နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။စပါးအသင်းတိုက်စစ်မှူး ဟယ်ရီကိန်းကတော့ နောက်ဆုံးနှစ်ပွဲဆက်တိုက် ဟက်ထရစ်သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ယခုပွဲနိုင်ပွဲရလဒ်ကြောင့် စပါးအသင်းဟာ ရမှတ် ၃၇ မှတ်ထိရရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။ဆောက်သမ်တန်အသင်းကတော့ အဝေးကွင်းရလဒ်ဆိုးကို ပြင်ဆင်နိုင်ခဲ့ခြင်းမရှိတာလည်းဖြစ်ပါတယ်။

စပါးအသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ ဟယ်ရီကိန်း၊ ဆွန်ယောင်မင်း၊ အလီ၊ အဲရစ်ဆင်၊ ဒိုင်ယာ၊ ဒမ်ဘီလီ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဆောက်သမ်တန်အသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ ရှိန်းလောင်း၊ ရက်မွန်၊ လီမီနာ၊ ရိုမီယူ၊ ဆိုဖီယာနီ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဆောက်သမ်တန်အသင်းဟာ စပါးအသင်းကို အဝေးကွင်းမှာအကောင်းဆုံးယှဉ်ကစားနိုင်ခဲ့ပေမဲ့ အဆုံးသတ်ပိုင်းအားနည်းချက်တွေကြောင့် စပါးအသင်းကိုရှုံးနိမ့်ခဲ့ရတာလည်းဖြစ်ပါတယ်။ဆောက်သမ်တန်အသင်းဟာ ပွဲစဉ် ၂၀ ပြီးဆုံးတဲ့ အချိန်မှာ ၄ ပွဲသာအနိုင်ရရှိထားတာလည်းဖြစ်ပါတယ်။

စပါးအသင်းအတွက်ဂိုးတွေကိုတော့ (၂၂' ၃၉' ၆၇') တို့မှာ ဟယ်ရီကိန်း က သူရဲ့ ဟတ်ထရစ်ဂိုးတွေအဖြစ် ၃ ဂိုးသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။၄၉ မိနစ်မှာ အလီက တစ်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။၅၁ မိနစ်မှာတော့ ဆွန်ယောင်မင်း က တစ်ဂိုးသွင်းယူပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဆောက်သမ်တန်အသင်းအတွက်ချေပဂိုး ၂ ဂိုးကိုတော့ ၆၄ မိနစ်မှာ ဆီုဖီယာနီက ၁ ဂိုး သွင်းယူပေးခဲ့ပြီး ၈၂ မိနစ်မှာ တာဒစ် က တစ်ဂိုး သွင်းယူပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။