ပွဲအပြီးမှာ ကိုယ့်အမှိုက်ကို ပြန်ရှင်းကြတဲ့ မြန်မာတွေ

မနေ့ညကတော့ ဆူဇူကီးဖလားပြိုင်ပွဲအတွက် အိမ်ရှင်အသင်းဖြစ်တဲ့ ကျွန်တော်တို့မြန်မာအသင်း နဲ့ မလေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားပွဲဖြစ်ပါတယ်။ ဒီပွဲမကန်ခင်မှာတော့ လူမျိုးရေးပဋိပက္ခအနည်းငယ်ရှိခဲ့ပြီး မလေးရှားဘက်မှ နှုတ်ထွက်လျှင် စည်းမျဉ်းစည်းကမ်းအတိုင်း အရေးယူခြင်းခံရမည်ဟု သတိပေးခံခဲ့ရပါတယ်။ မြန်မာအသင်းနည်းပြကလည်း မလေးရှားအသင်းကို နိုင်ကိုနိုင်ရမယ် ဆိုပြီးကြုံးဝါးခဲ့ပါတယ်။ တကယ်လည်း နိုင်ပါတယ်။ မြန်မာအသင်းက ၁-၀ နဲ့ မလေးရှားအသင်းကို အနိုင်ယူခဲ့ပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါပြီ။

မြန်မာနိုင်ပြီဆိုတော့လည်း သိတဲ့အတိုင်း လူမှုကွန်ယက်ပေါ်မှာ မြန်မာကွဟုဂုဏ်ယူမိကြောင်း ဝမ်းမြောက်ပီတိဖြစ်ကြောင်း ဓာတ်ပုံတွေ တက်လာတာပေါ့။ ဒီလိုတက်လာတဲ့ ပုံတွေထဲမှာမှ ပွဲအပြီး ကွင်းထဲက အမှိုက်တွေကို သေချာလိုက်လံကောက် သိမ်းဆည်းပြီးမှ အိမ်ပြန်ခဲ့တဲ့ မြန်မာတွေကို ဂုဏ်ယူမိပါတယ် ပရိသတ်ကြီးရေ………

Source: Myanmar Football Federation

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။