ဂျေလိဂ်ကလပ်ဗက်ဆဲကိုဘေးဆိုတာနာမည်ကျော်

ဂျာမန်တိုက်စစ်မှူးလူးကပ်ပိုဒေါစကီးလက်ရှိကစား

နေတဲ့အသင်းတစ်သင်းပါ။ကိုလုံး၊ဘိုင်ယန်မြူးနစ်၊

အာဆင်နယ်၊ဂါလာတာစာရေးစတဲ့ဥရောပနာမည်ကြီး

ကလပ်အသင်းတွေမှာကစားခဲ့တဲ့ပိုဒေါစကီးဟာ

ဗက်ဆဲကိုဘေးအတွက်သာမကဂျေလိဂ်ရဲ့နာမည်အကြီး

ဆုံးကစားသမားပါ။အရှေ့တောင်အာရှနိုင်ငံဖြစ်တဲ့ထိုင်း

ကစားတစ်ဦးဟာပိုဒေါစကီးနဲ့မကြာခင်တွဲကစားတော့မှာပါ။

အရှေ့တောင်အာရှရဲ့အကောင်းဆုံးနောက်ခံလူတစ်ယောက်

လို့သတ်မှတ်ခြင်းခံထားရတဲ့ထိုင်းလပ်ရွေးစင်နောက်ခံလူ

တီရာသွန်ဟာနောက်နှစ်ဘောလုံးရာသီမှာဂျပန်ကလပ်

ဗက်ဆဲကိုဘေးကိုပြောင်းဖို့များနေပါပြီ။တီရာသွန်ဟာနှစ်စဉ်

လိုလိုဂျပန်ကလပ်တွေနဲ့သတင်းကြီးလေ့ရှိသူပါ။တီရာသွန်

သာဂျေလိဂ်ရောက်သွားရင်မြောင်တောင်အသင်းဖော်တွေ

ဖြစ်တဲ့တီရာဆေးဒန်ဒါ၊ချန်နာတစ်တို့နောက်တတိယမြောက်

ဂျေလိဂ်ရောက်ထိုင်းကစားသမားဖြစ်လာမှာပါ။

မြောင််တောင်၊ဘူရီယန်တို့နဲ့အတူထိုင်းလိဂ်အမှတ်ပေး

ချန်ပီယံငါးကြိမ်ရရှိထားတဲ့တီရာသွန်ဟာချန်ပီယံလိဂ်

အတွေ့အကြုံလည်းကုံလုံကြွယ်ဝသူပါ။တိကျတဲ့ပေးပို့မှုတွေ

လှပတဲ့ဖရီးကစ်သွင်းဂိုးတွေပိုင်ဆိုင်တဲ့တီရာသွန်ကိုမှော်ဝင်

ဘယ်ခြေထောက်ပိုင်ရှင်တစ်ဦးလို့သတ်မှတ်ထားကြပါတယ်။

ထိုင်းအသင်းရဲ့နည်းပြအဖွဲ့ဝင်တစ်ဦးကဆို

တီရာသွန်ဘာ်ခြေနဲ့ဘောလုံးပေးတာဟာတိကျလွန်းလို့

လက်နဲ့ပေးလိုက်သလိုပဲလို့မှတ်ချက်ပြုထားပါတယ်။မကြာခင်မှာပဲဗက်ဆဲကိုဘေးမှာတီရာသွန်နဲ့ပိုဒေါစကီး

ရဲ့တွဲလုံးတွေကိုတွေ့မြင်ရတော့မှာပါ။

Source-Siam Sports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။