မေမြို့ သို့မဟုပ် ပန်းမြို့တော်လို့လူအများသိကြတဲ့ ပြင်ဦးလွင်မြို့ကို လူအများစုသိကြမှာပါ။ Bobby Soxer (ထက်ထက်)ကို ပရိသတ်ကြီးလည်း သိမယ်ထင်ပါတယ်။ နှုတ်ခမ်းလေးထော်က ဟစ်ဟော့ သီချင်းတွေသီဆိုတက်ပြီး ပရိသတ်အချစ်ကို ရယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ 

ပြင်ဦးလွင် မြို့ ပန်းပွဲတော်မှာ အပြတ်ကဲခဲ့တဲ့ အဆိုတော် လွှမ်းပိုင် နဲ့ Bobby Soxer တို့ကတော့ သူ့တို့ရဲ့ လူမှုစာမျက်နှာမှာ ဓာတ်ပုံများတင်ထားခဲ့ပါတယ်။ Bobby Soxer ကတော့ သူမရဲ့ လူမှုစာမျက်နှာမှာ ပန်းပွဲတော်နဲ့ ပြင်ဦးလွင်မြို့ ကို ချစ်ကြောင်း စင်ပေါ်မှာ သီချင်းဆိုနေတဲ့ ဓာတ်ပုံတွေ ရိုက်ပေးခဲ့ တဲ့ မြတ်မင်းခန့်ကို ကျေးဇူးတင်ကြောင်းရေးသားဖော်ပြထားပါတယ်။ 

အလန်းစားဖက်ရှင်တွေနဲ့ အမိုက်စားသီချင်းတွေသီဆိုခဲ့တဲ့ လွှမ်းပိုင်နဲ့ Bobby Soxer တို့ရဲ့ သီချင်းတွေကို ပြင်ဦးလွင်က ပရိသတ်များအကြိုက်တွေ့ခဲ့မှာ အမှန်ပါ။ ပရိသတ်ကြီးအတွက် လွှမ်းပိုင်နဲ့ Bobby Soxer တို့ရဲ့ ပန်းပွဲတော်မှာ အပြတ်ကဲ ဓာတ်ပုံများနဲ့ အတူ မျှေ၀ ပေးလိုက်ပါတယ်။

Source - Bobby Soxer 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။