အင်းဝမြို့ရဲ့ သာယာတဲ့ရာသီဥတုလေးမှာ ဝိုင်းလေးတစ်ယောက်တော့ ပျော်ရွှင်နေပါတယ် ပရိသတ်ကြီးရေ။ တိမ်ပြာရောင်အောက်က နေကြာပန်းခင်းအလယ်မှာ သဘာဝဆန် တဲ့ အလှတွေနဲ့ သူမပါ။ ပြင်ဦးလွင်က ပန်းပွဲတော်မှာလည်း သီချင်းတွေဖျော်ဖြေခဲ့ ပါသေး တယ်။ ပရိသတ်ရဲ့အကြံပေးစကားများကို တလေးတစားရှိတဲ့ သူမက ယခုပန်းပွဲတော်မှာ ဘယ်လိုသီချင်းတွေသီဆိုရမလဲဆိုတာ သူမချစ်တဲ့ ပရိသတ်ကို ကြိုတင်မေးမြန်း ခဲ့ပါသေး တယ် ။

ပြင်ဦးလွင်ရဲ့ ရာသီဥတုမှာတော့ သူမကအနီရောင်လက်ရှည်လေးနဲ့ ထူးခြားစွာ ပြင်ဆင်ခြယ် သထားခြင်း မရှိလည်း လှနေသူဆိုတာ ပရိသတ်ကြီးမြင်ရင် လက်ခံမှာ အသေအချာပါပဲ ။ယခုလ ၁၅ ရက်နေ့က “ အဆင်ပြေမှာပါ” ဆိုတဲ့ အယ်ဘမ်ထွက်ရှိထားတဲ့သူမက နာမည် ကြီးဖို့ထက် သီချင်းတွေကို ပိုပြီး အောင်မြင်ချင်သူတစ်ဦးပါ။ ပရိသတ်အကြိုက် တေးသီချင်းများ ကိုလည်း ကိုယ်တိုင်ရေးစပ်ကာ သီဆိုနိုင်သူတစ်ယောက်လည်း ဖြစ်ပါတယ် ။

သီချင်းဆိုကောင်းလို့ အနုပညာကဒီတစ်ခုပဲလို့တော့ မထင်လိုက်ပါနဲ့နော် ။Miss Myanmar World 2014 တစ်ယောက်ဖြစ်တာကြောင့် ခန္ဓာကိုယ်နဲ့ အလှအပကတော့ ပြောပြနေစရာ မလိုအောင် လှပနေသူပါပဲ ပရိသတ်ကြီးရေ။ ဒါကတော့ ဝိုင်းလေးကိုချစ်တဲ့ ပရိသတ်ကြီး အတွက် သူမရဲ့ လတ်တလောလှုပ်ရှားမှုတွေပါ။

Source – Wint Yee Shunn FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။