ဟင်းသီးဟင်းရွက်တွေထဲမှာ ကညွန့်ကစျေးကြီးတဲ့ အထဲပါတယ်ဆိုိတာ မမှားပါဘူး။ ကညွန့်က အေးတဲ့ဒေသ တွေမှာဘဲ ပေါက်ရောက်တာများပါတယ်။ လူတွေကတော့အမြတ်တစ်နိုးနဲ့စာသောက် တတ်ကြပါတယ်။ သူ့အရသာက ဘယ်ဟင်းရွက်နဲ့မှ အရသာမတူထူးကဲလှပါတယ်။ ဘယ်လိုပုံစံပဲလုပ်စားလုပ်စား တော်တော် ကိုစားလို့ကောင်းပါတယ်။ ခန္ဓာကိုယ်ထဲဘေးဖြစ်စေတတ်တဲ့ ကိုလက်စထရော၊ အဆီတွေကင်းစင်ရုံသာမက ဗီတာမင်၊သတ္တုဓာတ်တွေလည်း များစွာကြွေဝပါတယ်။ ကညွန့်အဖြူ၊ ကညွန့်အစိမ်း ဆိုပြီးရှိတဲ့အထဲ ကညွန့်အစိမ်းဆိုရင် ပိုပြီးကျန်းမာရေးအတွက် သင့်တော်ပါတယ်နော်။ကညွန့်ထဲမှာ အမို်င်နိုအက်ဆစ် ပါရှိတဲ့အတွက်ဆီးရွင်ခြင်း၊ ဒူလာပါဒရက်လိုက်ခြင်း၊ လေးဘက်နာဖြစ်ခြင်း၊ ဖောယောင်ခြင်း တို့ကိုသက်သာ ပျေက်ကင်းစေပါတယ်။ ဆီးပူ၊ဆီးအောင့်၊ သည်းခြေဝေဒနာများအတွက် အပင်ရဲ့အမြစ်ကိုပျားရည်၊ နွားနို့တို့ဖြင့် ရောသောက်နိုင်ပြီး၊ ဆီးကျောက်တည်ခြင်း၊ အဆိပ်အမျိုးမျိုးသင့်တဲ့ဝေဒနာအတွက် လည်းသောက်သင့် နိုင်ပါတယ်။ ပန်းနာရင်ကျပ်ခြင်း၊ ခန္ဓာကိုယ်ရောင်ရမ်းခြင်းတို့အတွက် ကောင်းကျိုးလဲပြုစေပါတယ်။

ဝမ်းဗိုက်အဆီကျစေခြင်းကိုလည်း အထောက်အကူဖြစ်စေပါတယ် ။ပရိုတင်းပါရှိတဲ့အတွက် အရိုးပွခြင်း နှင့်အရိုးအဆစ်ရောင်ခြင်းများအတွက် ကာကွယ်ပေးပါတယ်။ ဖောလိပ်နှင့် ဗီတာမင်ဘီဓာတ်ပါရှိခြင်းကြောင့် နှလုံးရောဂါနှင့်သက်ဆိုင်တဲ့ လေဖြတ်ခြင်းတွေကို ကာကွယ်ပေးပါတယ်။ ကိုယ်ဝန်ဆောင်မိခင်လောင်းများ အတွက် ကညွန့်စားပေးခြငး်က ဖောလိပ်ဓာတ်ကြွယ်ဝခြင်းကို အထောက်အကူပေးပါတယ်။ အာရုံကြော အားနည်းခြင်းကို ကာကွယ်ပေးရုံသာမကသွေးသန့်ပြီး အမျိုးသမီးတွေအနေနဲ့ အာဖြည့်အစားစား အဖြစ်စားသုံးနိုင်ပါတယ်။ နောက်တစ်ခုကာကွယ်ပေးနိုင်တာကတော့ အသက်အရွယ်ကြီိးလာတာနဲ့အမျှ အမြင်အာရုံထဲမှာ အမဲစက်ပြောက်လေးတွေ မြင်ခြင်းကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။ သက်အရွယ် ကြီးရင့်အိုမင်းခြင်းကိုလည်း သက်သာစေပါတယ်။ သွေးတိုးခြင်း၊ ကိုကာကွယ်ပေးတဲ့အပြင် အမျှင်ဓာတ်ကြွယ် ဝဖို့၊ အစာကျေပြီးလေပွဝေဒနာတွေအတွက် သက်သာစေနိုင်ပါတယ်။

ကစီဓာတ်ပါဝင်တဲ့ အတွက် ဝမ်းချုပ်ခြင်း၊ အူမကြီးကင်ဆာမဖြစ်ခြင်း၊ ဆီးအိမ်၊ရင်သား၊ အဆုတ်၊မမျိုးဥ၊ အမျိုးသားတွေအတွက် သုတ်ရည်ဂလင်းကင်ဆာတို့မှ ထိထိရောက်ရောက်ကာကွယ်ပေးနိုင်ပါတယ်။ကဲဒီ လောက်ဆိုရင်တော့ ကညွန့်စားသုံးခြင်းကောင်းကျိုးတွေကို သိလောက်ပြီးလို့ထင်ပါတယ်။ အစားလည်းဆေး ဆေးလည်းအစာဆိုသလို ကညွန့်ကို ဟင်းတစ်ခွက်အနေနဲ့ နေ့စဉ်စားသုံးပေးပါက ကျန်းမာပျော်ရွင်သော ဘဝကိုပိုင်ဆိုင်မှာပဲဖြစ်ပါတယ်။နောက်များမှာလည်းခုလို ကျန်းမာပျော်ရွင်ဖို့အတွက် ကျန်းမာရေးဗဟုသုတ တွေကိုရေးသားတင်ပြပေးမှာဖြစ်ပါတယ်။အားလုံးကျန်းမာကြပါစေ။

Source : pauk pauk

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။