အကယ်ဒမီရွှေစင်ရုပ်တု ၅ဆုအထိ ပိုင်ဆိုင်ထားခဲ့ပြီး သရုပ်ဆောင်တဲ့နေရာမှာ ထိပ်တန်းဖြစ်နေတဲ့ အကယ်ဒမီမို့မို့မြင့်အောင်ဟာ မြန်မာပြည်ရဲ့ ထိပ်တန်းမင်းသမီးတွေထဲက တစ်ဦးအပါအဝင်ပါ။ အသက်အရွယ်ရလာသလို အရွယ်တင်နုပျိုနေဆဲသူမဟာ အနုပညာလောဘကြီးသူဖြစ်ပြီး ယခုချိန်ထိ ဟာသဆိုလည်းဟာသအလျောက် ကျရာဇာတ်ကောင်တိုင်း ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်သူပါ။

ဒီလို ဇာတ်ကောင်တွေမျိုးစုံ ရိုက်ကူးတာနဲ့ပတ်သတ်ပြီး မို့မို့မြင့်အောင်မှ " တစ်ချို့ပရိသတ်ကျတော့လည်း စိတ်ညစ်လို့သွားပျော်ချင်တာရှိတယ်။ ပရိသတ်ကတော့ အမျိုးစုံရှိတာပေါ့ ၅၀-၅၀ ပါပဲ။ တစ်ချို့ကျတော့လည်း မကြည့်ချင်ပါဘူး ငိုနေရဦးမယ်ဆိုတာရှိတယ်။ ဟာသကားပဲကြည့်ချင်တယ်။ တစ်ချို့ကျတော့လည်း ဟာသကားက ပေါနေပြီ။ ဒါတွေများနေပြီပေါ့။ မမို့လည်း တကယ်ဇာတ်ရုပ်ကလေးပေါ်မယ်၊ ကိုယ့်ရုပ်ကလေးပေါ်မယ့်ဟာလေးတွေ ရွေးလက်ခံလိုက်တာပေါ့။ အဲဒီမှာလည်း ပရိသတ်နှစ်မျိုးကွဲပြန်ရော။ မို့ရေ ဒါလေးတော့ မရိုက်ပါနဲ့၊ မို့ရေ ဒါလေးတော့ ကြည့်ချင်တယ်ဆိုတာမျိုး။ ကိုယ်က ပရိသတ်ကို ထောပတ်လည်းကျွေးရမှာပဲ။ လက်ဖက်သုတ်လည်း ကျွေးရမှာပဲ။ ငပိရည်လည်းဖျော်ပေးရမှာပဲ " လို့ ပြောကြားခဲ့ပါတယ်။

တစ်ချိန်က ဗီဒီယိုလောကနဲ့မို့မို့မြင့်အောင်ဆိုပြီး နာမည်တစ်လုံးနဲ့ ကျော်ကြားခဲ့ပုံကို

" လွန်ခဲ့တဲ့ ၃ နှစ်လောက်ကအထိ စျေးကွက်မှာ မို့မို့မြင့်အောင်စျေးကွက်သီးသန့်ရှိသေးတယ်။ အရင်တုန်းကဆိုရင်တော့ ဦးကျော်ဟိန်းစျေး၊ ဘယ်သူ့စျေး ဘယ်သူ့စျေးဆိုပြီးတော့ ရှိခဲ့တာပေါ့။ မို့မို့မြင့်အောင်စျေးကလည်း သတ်သတ်ရှိခဲ့တယ်။ သူတို့ ကိုယ်စားလှယ်တွေခေါ်တဲ့နာမည်ရှိခဲ့တယ်။ By name မင်းသမီးဆိုပြီးတော့။ ကိုယ်ကနားစွင့်ရတယ်။ အဲလိုနားစွင့်ပြီးတော့မှ ကိုယ်က ပိုကြိုးစားဖြစ်တယ်လေ။ ဆိုင်တွေမှာ ဆို By name နဲ့မို့မို့မြင့်အောင်ခွေပေးပါဆိုပြီးတော့ ငှားကြတယ်ပေါ့။ တစ်ချို့ကတော့ မိန်းမကျော်ဟိန်းစျေးကွက်လို့ခေါ်တယ်။ ကိုယ့်ကို အဲလိုပညတ်ကြတော့ ကိုယ့်မှာ အဲဒီထက်ပိုကြီးကြိုးစားဖို့ပိုတာဝန်ကြီးသွားတယ်လေ။ စုံစမ်းရတယ်။ ကိုယ့်စျေးကွက်ဘယ်လောက်ရှိသလဲ။ ဘယ်သူနဲ့ Level ရှိသလဲပေါ့။ မင်းသားမပါလည်း ရတယ်။ မို့မို့မြင့်အောင်တစ်ယောက်တည်းစျေးကွက်ရှိတယ်။ ဇာတ်ကောင်းတွေတော့ရှာရတာပေါ့။ ဗီဒီယိုက အဲဒါတစ်ခုတော့ ကောင်းတယ်။ ဇာတ်ကောင်းတွေရှာဖို့လွယ်တယ်ပေါ့။ " လို့ ပွင့်ပွင့်လင်းလင်းပြောကြားခဲ့ပါတယ်။

တစ်ချိန်ကခေတ်အခါ အောင်မြင်ကျော်ကြားမှုတွေ ခဏတာရပ်တန့်ခဲ့ပေမယ့် အနုပညာလောကကနေ ထွက်ခွာသွားမှာလားဆိုတာကိုတော့ မို့မို့မြင့်အောင်ကနေ ယခုလိုဖြေကြားခဲ့ပါတယ်။

" မရှိဘူး။ အန်တီမို့လေ အမှန်ပြောရရင် ဒေါ်မြင့်မြင့်ခင်ကြီးကို သိပ်ချစ်တာပဲ။ အသက်ကြီးလည်း တုတ်တုတ် တုတ်တုတ်နဲ့ သူ့ဘာသာသူ ရှုတင်ကိုလာတာပဲ။ ပျော်နေတာပဲ သိလား။ အမေလို့၊ အန်တီမို့အဖေတို့နဲ့တွဲခဲ့တာကိုး။ သမီးလည်း အမေ့အရွယ်ကျရင် နေမယ်မထင်ဘူးနော်လို့။ သမီးတဲ့ မရဘူးတဲ့။ နင်နေနိုင်မှာ မဟုတ်ဘူးတဲ့။ မာမီ့အတွက် ဆေးပဲတဲ့။ အိမ်မှာနေရထိုင်ရတာထက် ရှုတင်မှာ နေလို့ကောင်းတယ်။ ဘာရောဂါမှမဖြစ်ဘူးတဲ့။ အဲတော့ အနုပညာကို ချစ်တဲ့သူကတော့ ဆေးကို ဖြတ်လို့ရမယ်မထင်ဘူး။ အင်မတန်စွဲလမ်းစရာကောင်းတဲ့ ဆေးတစ်မျိုးပေါ့။ "

Source : MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။