လိုင်ဇာမြို့ကတော့ မြန်မာနိုင်ငံ၏အခြေအနေမတည်ငြိမ်တဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ လိုင်ဇာမြို့မှာ အမြဲလိုလို သူပုန်တွေနှင့် တပ်မတော်ကစစ်မက်ဖြစ်ပွားနေတတ်ပါတယ်။ ယခုအခါလည်း ခရစ္စမတ်အကြိုနေ့က ကချင်ပြည်နယ်၊ လိုင်ဇာမြို့ပေါ် ရပ်ကွက်ထဲကို လက်နက်ကြီးဖြင့် ပစ်ခတ်ခံရပြီး အဆိုပါ ပစ်ခတ်မှုကြောင့် ကျည်စ ထိမှန်ခဲ့သော ကျောင်းဆရာမတဦး ဆေးကုသမှုခံယူနေရကြောင်း ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) က ပြောခဲ့ပါတယ်။ လိုင်ဇာမြို့ ဝေကျိုင်ရပ်ကွက် အတွင်း ဒီဇင်ဘာ ၂၄ ရက်နေ့ ည ၉ နာရီခန့်က လက်နက်ကြီး ကျည် ကျမှန် ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး KIO ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ ထိုပစ်ခတ်မှုသည် တပ်မတော်၏ လက်ချက် ဖြစ်သည်ဟု စွပ်စွဲပြောဆိုခဲ့ပါတယ်။

လိုင်ဇာမြို့တွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရသော်လည်း လိုင်ဇာမြို့နှင့် နီးသည့် ရှေ့တန်းစခန်းများတွင် စစ်ရေးတင်းမာခြင်း၊ ပစ်ခတ်ခြင်းများ မရှိဟု KIO ဘက်က ဆိုပါတယ်။ လက်နက်ကြီး ကျည်စ ထိမှန်သွားသည့် ကျောင်းဆရာမသည် ကချင်စစ်ဘေးရှောင် ဒုက္ခသည်စခန်းတွင် လုပ်အားပေး အဖြစ် စာသင်ပေးနေသည့် ဆရာမ ဖြစ်ပြီး ဒီဇင်ဘာလ ၂၄ ရက်က ဝေကျိုင်ရပ်ကွက် အတွင်း သွားလာနေစဉ် လက်နက်ကြီး ကျည်စ ထိမှန်သွားခြင်း ဖြစ်သည်ဟု သိရပါတယ်။ လက်နက်ကြီး ကျည်စသည် ဆရာမ၏ လည်ပင်း နောက်ဘက် ဂုတ်ပိုးနေရာတွင် ထိမှန်သွားပြီး လိုင်ဇာ ဆေးရုံတွင် ကျည်စ ထုတ်ထားကာ ယခုအခါ အသက်အန္တရာယ် မစိုးရိမ်ရကြောင်း ထိုမြို့ပေါ်တွင် နေထိုင်သည့် သူနာပြု ဆရာမတဦး က ပြောပါတယ်။ 

လက်နက်ကြီးဖြင့် ပစ်ခတ်ခံရသည့် ဝေကျိုင်ရပ်ကွက်တွင် စစ်ဘေးရှောင်ဒုက္ခသည် ၆၀၀၀ ကျော် နေထိုင်သည့် စစ်ဘေးရှောင် စခန်းတခုလည်းပြီး လက်နက်ကြီး ကျည်များ ကျမှန်ပေါက်ကွဲချိန်တွင် စစ်ဘေးရှောင် ဒုက္ခသည်အချို့မှာ ကြောက်လန့်ပြီး ခေတ္တ ထွက်ပြေးတိမ်းရှောင်မှု ဖြစ်ပွားခဲ့သေးသည်ဟု သိရပါတယ်။ ၂၀၁၂ ခုနှစ်ကလည်း ယင်းကဲ့သို အပစ်ခတ်ခံရမှု ကြုံခဲ့ရပြီး ယခုအခါတွင်လည်း ခရစ်ယာန် ဘာသာဝင်များ၏ ပွဲတော်နေ့တွင် ယင်းသို့ ပစ်ခတ်ခြင်းသည် ရည်ရွယ်ချက် ရှိရှိဖြင့် အနှောင့်အယှက် ပေးသည်ဟု မှတ်ယူကြောင်း ဗိုလ်မှူးကြီး နော်ဘူ က ပြောခဲ့ပါတယ်။ ယခုရက်ပိုင်းအတွင်း ကချင်ပြည်နယ် တနိုင်းမြို့နယ်နှင့် မန်စီမြို့နယ် တို့တွင်လည်း တပ်မတော်နှင့် KIA အကြား တိုက်ပွဲများ ဖြစ်ပွားပြီး စစ်ရေးတင်းမာနေသည်ဟု သိရပါတယ်။ ဒီဇင်ဘာလ ၁၄ ရက်နှင့် ၁၅ ရက်နေ့ကလည်း KIA ဌာနချုပ် လုံခြုံရေးနယ်မြေ အတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခံထားရပြီး အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားစဉ်ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်ဟု ဆိုပါတယ်။

Source – Irrawaddy  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။