အုန်းသီးဆိုတာကတော့ မြန်မာနိုင်ငံ၏နေရာဒေသအနှံ့အပြားမှာ မြင်တွေ့နိုင်တဲ့ အပင်တစ်ပင်ဖြစ်ပါတယ်။ အုန်းသီးကနေ အစားအသောက်အမျိုးမျိုးကို မြန်မာလူမျိုးတွေ ပြုလုပ်စားသောက်ကြပါတယ်။ ယခုအခါမှာတော့ ပြည်တွင်းမှာ အုန်းသီးထွက်နှုန်းကျလာတယ်လို့ သိရှိရပါတယ်။ ဒါ့ကြောင့်မို့ အုန်းသီးကို ပြည်ပကနေတောင် ပြန်တင်သွင်းရကိန်းရှိနေတယ်လို့ သိရှိရပါတယ်။ 

မြန်မာနိုင်ငံတွင် ၂၀၁၁ ကစ၍ အုန်းသီးအထွက်နှုန်း ကျ ဆင်းလာပြီး ပြည်တွင်းအုန်းသီး လိုအပ်ချက် ပြည့်မီရန် ခက်ခဲလာ နိုင်၍ ပြည်ပနိုင်ငံများက ပြန်လည်တင်သွင်းသည့် အခြေအနေဖြစ်လာနိုင်ကြောင်း မြန်မာနိုင်ငံ အုန်းသီးအစုအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်က ပြောခဲ့ပါတယ်။ အုန်းပင်များကို ပြုပြင်ထိန်း သိမ်းမှုမရှိခြင်း၊ ပိုးမွှားကျရောက် မှုကို မကာကွယ်ခြင်းတို့အပြင် အုန်းပင်များကို ခုတ်လှဲ၍ မြေယာ ပြုပြင်ခြင်းတို့ကြောင့် အုန်းသီးအ ထွက်နှုန်း လျော့ကျလာကြောင်း ၎င်းက ဆိုပါတယ်။ ၂၀၁၁ က မြန်မာနိုင်ငံတွင် အုန်းသီးအလုံးရေ သိန်း ၆,၀၀၀ ကျော် ထွက်ခဲ့ပြီး ထွက်နှုန်းကျဆင်းလာရာမှ ၂၀၁၈ တွင် အုန်းသီးအလုံးရေ သိန်းလေးထောင့်ရှစ်ရာကျော်သာ ထွက်တော့ကြောင်း ၎င်းက ဆိုပါတယ်။ 

‘‘သူများနိုင်ငံတွေက အုန်း သီးတင်ပို့ရောင်းချရတာကြောင့် ကျပ်ဘီလီယံနဲ့ချီပြီး ဝင်ငွေရနေ ပြီ။ ကျွန်တော်တို့က တင်ပို့ရောင်း ချဖို့က မဖြစ်နိုင်သေးဘူး။ ဒီတိုင်း ဆက်သွားရင် သူများဆီကတောင်ပြန်သွင်းရလိမ့်မယ်။ ကျွန်တော် တို့က နောက်ကျကျန်ခဲ့တဲ့ အနေ အထားဖြစ်နေပါပြီ’’ ဟု ဦးမျိုး အောင်က ဆိုပါတယ်။ မွန်ပြည်နယ်နှင့် တနင်္သာရီ တိုင်းတို့တွင် အုန်းပင်များ၌ ပို့ တစ်မျိုး ကျရောက်မှုကြောင့် အုန်း လက်များ ခြောက်သွေ့ပျက်စီး ကာ အုန်းသီး ဆက်မသီးတော့ သည့်အဖြစ်များ မြင်နေရကြောင်း ၎င်းက ဆိုပါတယ်။ အုန်းသီးက ရရှိသည့် ကျန်း မာရေးအကျိုးကျေးဇူးများကို လူ အများ ပိုမိုသိရှိလာ၍ အုန်းသီး အသုံးပြုမှုနှုန်း ပိုမိုမြင့်မားလာနိုင် ကြောင်း ဦးမျိုးအောင်က ပြောပါတယ်။ မြန်မာနိုင်ငံတွင် အုန်းပင် စိုက်ပျိုးထားသည့် မြေဧကတစ် သိန်းခန့်ရှိကြောင်း မြန်မာနိုင်ငံ အုန်းပင်အစုအဖွဲ့မှတ်တမ်းများ ၌ ဖော်ပြထားပါတယ်။

Source – 7 Days News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။