မန်ယူအသင်းရဲ့ကွင်းလယ်ကစားသမား ဖယ်လိုင်နီဟာ အသင်းမှာ ပုံမှန်နေရာမရရှိတာကြောင့် မပျော်ရွင်ဖြစ်နေကာ အသင်းကနေထွက်ခွာဖို့ စီစဉ်နေတာလည်းဖြစ်ပါတယ်။ဖယ်လိုင်နီဟာ မန်ယူအသင်းနဲ့ ချူပ်ဆိုထားတဲ့ စာချူပ်ဟာ ဒီနှစ်ရာသီကုန်ရင် ကုန်ဆုံးတော့မှာလည်းဖြစ်ပါတယ်။ဖယ်လိုင်နီဟာ မန်ယူအသင်းနဲ့ နောက်ထပ်စာချူပ်သစ်ထပ်မံ ချူပ်ဆိုဖို့ အစီစဉ်မရှိဖြစ်နေတာလည်းဖြစ်ပါတယ်။ဒါကြောင့် ရာသီကုန်မှသာ အသင်းကနေအလွတ်ထွက်ခွာဖို့ တစ်ခြားအသင်းတွေနဲ့ အပြောင်းအရွှေ့စီစဉ်နေတာလည်းဖြစ်ပါတယ်။

ဖယ်လိုင်နီဟာ ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ မန်ယူကနေထွက်ခွာမှာမဟုတ်ပဲ ရာသီကုန်မှသာ အသင်းပြောင်းဖို့ လုပ်ဆောင်သွားမှာလည်းဖြစ်ပါတယ်။လက်ရှိဖယ်လိုင်နီကိုခေါ်ယူဖို့ အသင်းအများစုက စောင့်ကြည့်နေတာလည်းဖြစ်ပါတယ်။ဘက်ဆစ်တပ်အသင်းက ဖယ်လိုင်နီကိုခေါ်ယူဖို့ ပိုမို အလေးသာနေတာလည်းဖြစ်ပါတယ်။မော်ရင်ဟိုကတော့ ဖယ်လိုင်နီကို မန်ယူအသင်းမှာပဲ ဆက်လက်ရှိစေချင်နေတာလည်းပဲဖြစ်ပါတယ်။

ဖယ်လိုင်နီဟာ မန်ယူအသင်းမှာ မာတစ်၊ ပေါ့ဘာတို့ရဲ့နောက်မှသာ ပွဲထွက်ခွင့်ရရှိနေတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ဒါ့အပြင် ဟာရဲရား နဲ့ အရန်ခုံမှာ ပွဲထွက်ခွင့်ရဖို့ ယှဉ်ပြိုင်နေရတာလည်းဖြစ်ပါတယ်။ဒါကြောင့် ဖယ်လိုင်နီဟာ ပုံမှန်ပွဲထွက်ခွင့် ရရှိမဲ့ အသင်းတသင်းကို ပြောင်းလိုနေတာလည်းဖြစ်ပါတယ်။ဘယ်ဂျီယံ လက်ရွေးစင် အသင်းအတွက် ထိခိုက်လာနိုင်တာကြောင့် ခုလို စီစဉ်နေတာလည်းဖြစ်ပါတယ်။

source - mirror football

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။