လက်ရှိမှာ မျက်နှာသွယ်သွယ်နဲ့ ကိုရီးယားမင်းသားစတိုင် ချောလှပါတယ်လို့ မိန်းကလေးပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ ဇေရဲထက်ကနေ သူ့ရဲ့မျက်နှာအကြောင်းနဲ့ ပတ်သတ်ပြီး ယခုလိုပြောကြားခဲ့ပါတယ်။

" ဖက်ရှင်နဲ့ပတ်သက်ပြီး ခေတ်ရေစီးကြောင်းအတိုင်း ကျွန်တော်ကနေတယ်။ ဟိုးအရင်တုန်းက ဆိုရင် မျက်နှာ ၀ိုင်းဝိုင်းလေးတွေခေတ်စားတယ်။ မျက်နှာအလှကို လပြည့်ဝန်းနဲ့နှိုင်းတယ်။ အခုခေတ်ဆိုရင် မျက်နှာကို V-Shape နဲ့နှိုင်းတယ်။ သရုပ်ဆောင်တဲ့နေရာမှာ ကျွန်တော်က အရင်တုန်းက မျက်နှာဝိုင်းဝိုင်းလေး နဲ့သရုပ်ဆောင်တယ်။ အဲဒီအချိန်မှာ ကာရိုက်တာတွေက ကျွန်တော့်အတွက်မငြိဘူး။ လူဆိုးကို မျက်နှာဝိုင်းဝိုင်းလေးနဲ့ သရုပ်ဆောင်ရင် ချစ်စရာကောင်းနေမှာပေါ့။ မျက်နှာဝိုင်းဝိုင်းနဲ့ဆိုရင် အမာခန်းတွေသရုပ်ဆောင်တဲ့ အခါဘယ်လိုမှ အမာမဖြစ်နိုင်ဘူး။ ချစ်စရာပဲကောင်းနေတာ။ ကျွန်တော့်အနေနဲ့မျက်နှာကို ဆေးထိုးပြီးချတယ်။ ကျွန်တော်ပရိသတ်ကို ညာပြီးလုပ်နေလို့ရတယ်။ ပိုက်ဆံကိုဒီအတိုင်း သိမ်းယူနေလို့ရတယ်။ ကျွန်တော် မလုပ်ဘူး။ ဒီ ကာရိုက်တာကို အကောင်းဆုံးဖြစ်အောင် လုပ်ချင်တဲ့အတွက် ပိုက်ဆုံအကုန်အကျခံပြီး မျက်နှာကို ဆေးထိုးချတယ်။ HIV ကာရိုက်တာဆိုလည်း HIV ရုပ်ဖြစ်အောင် ကျွန်တော်ဝိတ်ချ တယ်။ ဆေးထိုးချတယ်။ ကျွန်တော့်ရဲ့ အနုပညာရူးသွပ်မှုပေါ့။ ကျွန်တော့်ရဲ့ အရူးသွပ်လွန်မှုလားတော့မသိဘူး။ "

ဒါ့အပြင် ပြီးခဲ့တဲ့ဇာတ်ကားတွေမှာ မင်းသမီးတွေကို တချို့ခန္ဓာကိုယ်အစိတ်အပိုင်းနေရာတွေမှာ သိသိသာသာကိုင်တာမျိုးတွေရှိတဲ့အခါ ယောကျာ်းလေးပရိသတ်ထုရဲ့ အများဆုံးဝေဖန်ပြောကြားခြင်းခံခဲ့ရတဲ့ ဇေရဲထက်က ယခုလိုဖြေရှင်းခဲ့ပါတယ်။

" အဲဒီကိစ္စတွေက Camera bound နဲ့ဆိုင်တယ်။ လက်က အောက်ကဆိုရင် ကင်မရာကလည်း အောက်ကပင့်ရိုက်လိုက်မယ်ဆိုရင် ကိုင်သလိုဖြစ်သွားတယ်။ အဲဒါက ကင်မရာအယူအဆနဲ့ဆိုင်သွားပြီ။ ကင်မရာ မှားသွားတဲ့အတွက် အဲလိုဖြစ်တယ်လို့ထင်ရတာ။ အားလုံးက ကင်မရာအယူကြောင့်ဖြစ်တာ။ အနုပညာသမားအားလုံးက တစ်ယောက်အပေါ် တစ်ယောက်မောင်နှမစိတ်ပဲရှိတာ။ ဇာတ်လမ်းအပေါ် ဘယ်လိုအကောင်း ဆုံးဖြစ်အောင်လုပ်မလဲဆိုတဲ့စိတ်ပဲရှိတယ်။ တစ်ယောက်နဲ့တစ်ယောက်ကြည့်တယ်ဆိုရင်တောင်မှာ တည့်ကြည့်လို့မရဘူး။ တည့်ကြည့်မယ်ဆိုရင် ကင်မရာနှစ်လုံးက ရိုက်လို့မရဘူး။ ကျော်ကြည့်ရတာ။ ကျော်ကြည့် ရတာဆိုတာတောင်မှ သူ့ကိုကြည့်ရတာမျိုးမဟုတ်ဘဲ လေဟာနယ်ထဲကိုကြည့်ပြီး အိုက်တင်ယူရတာ။ ကျွန်တော်တို့အနုပညာမောင်နှမတွေမှာ အဲလိုစိတ်မျိုးလုံးဝ မရှိဘူး။ ဖေ့စ်ဘွတ်မှာဆိုလည်း ကျွန်တော့်ကို ဘလိုင်းကြီးလာတိုက်ခိုက်တဲ့သူတွေအများကြီးရှိတယ်။ ကျွန်တော်ပြန်မဖြေရှင်းတော့ဘူး။ ဘာလို့လဲဆိုတော့ အတိတ်ဘဝတုန်းက ကျွန်တော်သူတို့ကို အဲလိုတိုက်ခိုက်ခဲ့ဖူး လို့ တိုက်ခိုက်ခံရတာလို့ ပဲမှတ်ယူလိုက်တယ်။ လာသမျှကို ကျွန်တော်လက်ခံတယ်။ လာကြပါ၊ ပြောကြပါ လို့ပဲ ကျွန်တော်ပြောချင်ပါတယ်။ " 

Source : MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။