ချစ်စရာကောင်းတဲ့အမူအရာလေးတွေနဲ့ ပရိတ်သတ်တွေရဲ့အချစ်ကိုဖမ်းစားထားနိုင်သူလေး ကတော့ ဖြူဖြူထွေးပဲဖြစ်ပါတယ်။ သူမဟာ ဒဂုံတက္ကသိုလ်မှာ ရူပဗေဒအထူးပြုဘာသာရပ် ကို လေ့လာသင်ယူနေဆဲကျောင်းသူတစ်ဦးပဲဖြစ်ပါတယ်။ ဆရာကန်တော့ပွဲမှာ သူမရဲ့ ကကွက်ဆန်းတင်ဆက်ပုံကြောင့် လူသိများလာရခြင်းဖြစ်ပြီး လက်ရှိမှာတော့ အနုပညာ လုပ်ငန်းတွေမှာပါ သူမက ပါဝင်နေပြီပဲ ဖြစ်ပါတယ်။ ရိုးသားတဲ့အညာသူလေးတစ်ဦးဖြစ်ပြီး ပွင့်လင်းချစ်စရာကောင်းတဲ့ သူမရဲ့ပြောပုံဆိုပုံ လေးတွေကြောင့် သူမကိုချစ်ခင်အားပေးသူ ပရိတ်သတ်တွေကလည်း မနည်းမနောပါပဲ။

သူမရဲ့မိခင်ဖြစ်သူကလည်း သူမဟာ ငယ်ငယ်ကတည်းက ဆိုင်းသံဗုံသံကြားရင်ကို မနေနိုင် အောင် ကချင်တဲ့အနုပညာဓာတ်ခံလေးရှိတဲ့အကြောင်းကို Interview တစ်ခုမှာဖြေကြားခဲ့ ပါတယ်။ အမြဲလိုလိုသနပ်ခါးပါးကွက်ကြားလေးနဲ့ ချစ်စရာကောင်းတဲ့ သူမရဲ့ပုံစံလေးက တကယ်ကိုရိုးရှင်းလွန်းလှပါတယ်။ လက်ရှိမှာတော့ သူမက ပဲခူးမြို့ကိုရောက်ရှိနေတာ ဖြစ်ပြီး ပဲခူးမြို့ရဲ့အထင်ကရဘုရားတွေကို လိုက်လံဖူးမျှော်နေတာပဲဖြစ်ပါတယ်။ မြန်မာဝတ်စုံ လေးတွေကို အနီရောင်၊ အပြာရောင် စတဲ့အရောင် လေးတွေကို ချုပ်ဝတ်ပြီး အများအလယ် မှာထင်ပေါ်ပြီး ချစ်စရာကောင်းလွန်းနေပါတယ်။

ပဲခူးကမျှစ်ချဉ်၊ ထန်းရည် စတဲ့နာမည်ကျော်အစားအသောက်တွေနဲ့လည်း သူမက ပျော် ပျော်ပါးပါး ဓာတ်ပုံရိုက်ကူးခဲ့ပါသေးတယ်။ ပဲခူးရောက်နေတယ်ဆိုရင်အဲ့လိုတွေဆိုပြီး သူမရဲ့ ချစ်စရာကောင်းပြီး ရိုးရှင်းတဲ့ အနီရောင်ဝတ်စုံနဲ့ အလှပုံလေးတွေကို တင်ထားတာဖြစ်ပါ တယ်။ ပဲခူးရောက်တိုင်းသွားသင့်တဲ့ ပဲခူးရဲ့တန်ခိုးကြီးဘုရားတစ်ဆူမှာလည်း သူမရဲ့မြန်မာ ဆန်တဲ့အလှအပတွေကို မှတ်တမ်းတင်ခဲ့ပါသေးတယ်။ ဖြူဖြူထွေးကိုချစ်ခင်အားပေးတဲ့ ပရိတ်သတ်ကြီးအတွက် သူမရဲ့ချစ်စရာကောင်းပြီး မြန်မာဆန်တဲ့ပုံရိပ်လေးတွေကို ဖော်ပြပေး လိုက်ပါတယ်။

Photo – Phyu Phyu Htwe’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။