ဒိချဉ်ဆိုရင် မိန်းကလေးအများစု အတွက် အလှပရေးရာရော ကျန်းမာရေးအတွက် ပါထောက်အကူပြုပေး တဲ့အရာတစ်ခုပါနော်။ မျက်နှာအသားရည်အတွက် အသုံးပြုသလို သားအိမ်အားကောင်းစေခြင်း၊ ဦးနှောက်မှတ်ညဏ်အားကောင်းစေခြင်းစတဲ့ အကျိုးကျေးဇူးများကိုရရှိစေပါတယ်နော်။ နေ့စဉ်စားပေးပါက အသားအရည်ဝင်းပစိုပြည်စေမှာဖြစ်ပါတယ်။ ဒိန်ချဉ်လုပ်နည်းတွေ အများကြီးရှိတဲ့အထဲမှာ အိုးလေးဒိန်ချဉ် အကြောင်းလေးကို တင်ပြပေးမှာဖြစ်ပါတယ်။ အိုးလေးဒိန်ချဉ်ကို အိမ်မှာလည်းလုပ်စားလို့ရအောင် ပိတ်ရက် တွေမှာ လုပ်စားလို့ရအောင် တင်ပြပေးလိုက်ရပါတယ်။ဒိန်ချဉ်လုပ်နည်းတွေကတော့ နည်းအမျိုးမျုုိးရှိ ပါတယ်။ အားလုံးကတော့ ဒိန်ချဉ်ကို နွားနို့နဲ့လုပ်ရတာလို့ သိထားကြတယ်မဟုတ်လား။နွားနို့ထဲမှာ ဒိန်ချဉ်ရောထည့်လိုက်ရင် ဒိန်ချဉ်ဖြစ်ပြီးပေါ့။ ဒါပေမဲ့ ခုပြောပြ မှာကတော့ ဒိန်ချဉ်မရှိရင်လည်း လုပ်နိုင်မဲ့ နည်းလေး ဖြစ်ပါတယ်။

- အိုးသစ်လေးတစ်လုံးလိုပါတယ်။ ရေဆေးသန့်စင်ခြောက်သွေးအောင််လုပ်ထားပေးပါနော်။

- ပြီးတော့ အဲအိုးထဲကို ကျိုပြီးသားနွားနို့စားပွဲတင်ဇွန်း (၃)ဇွန်း

ကိုထည့်ပြီး အဖုံးကိုလုံးအောင်ဖုံးပြီး နေပူထဲမှာ နေ့တစ်ဝက်ခန့်ထားပေးပါ။ဒီလိုနည်းလေးနဲ့ အိုးအတွင်းပိုင်း မှာ နို့ခဲလေးတွေအဖြစ်ပြောင်းသွားတဲ့အတွက် ဒိန်ချဉ်နံ့လေးထွက်လာရင်တော့ ဒိန်ချဉ်လုပ်ဖို့အတွက် အဆင်သင့် ဖြစ်နေလောက်ပါပြီးနော်။

- နောက်တစ်ခုကတော့ အိုးသန့်စင်ပြီးသာထဲမှာ ဒိန်ချဉ်လုပ်မဲ့့ နွားနို့ကိုထည့် ဆူပွက်အောင် တည်ပေးပါ။ပြီးမှ အအေးခံပေးရပါမယ်။ဒိန်ချဉ်အသင့်ပြုလုပ်တားတဲ့ အိုးထဲကိုအနည်းငယ်ထည့် ပြီးအောက်ခြေမှ ဒိန်ချဉ်ခဲလေးတွေကို မွှေပေးပါ။တစ်ခါပဲမွှေပေးရမှာပါနော်။ပြီးမှအဖုံးလုံးအောင် ပိတ်ပေးပါ။ဒီအတိုင်းမလုပ်မယှက် ငြိမ်ငြိမ်လေးထားပေးပါ။ ဒိန်ချဉ်အိုးထားတဲ့အခန်းဟာပူနွေး နေတဲ့အခန်းဖြစ်ပါစေနော်။(၆)နာရီကြာအောင်ထားပေးပါ။ (၆)နာရီထက်ကြာအောင်ထားပါက အရသာပိုပြင်းလာမှာဖြစ်လို့ လိုချင်တဲ့အနေထားရောက်ရင်တော့ ရေခဲသတ္တာထဲကိုပြောင်းပြီးသိမ်း ဆည်းကာ စားသုံးနိုင်ပါတယ်။ ဒိန်ချဉ်ကုန်ခါနီးတို်င်း လက်ကျန်လေးချန်ကာ နောက်ထပ်ဆင့်ပွား ပြုလုပ်နိုင်ပါတယ်။

အထက်မှာ ပြောပြခဲ့တာတွေကတော့ အပြင်ထွက်စားစရာမလိုဘဲအိမ်မှာဘဲ လုပ်စားလို့ရအောင် ဒိန်ချဉ် လုပ်နည်းလေးတွေကို တင်ပြပေးတာဖြစ်ပါတယ်။ မိတ်ဆွေတွေနဲ့ဖြစ်ဖြစ် အိမ်မှာမိသားစုအလိုက် ပျော်ပွဲစား ထွက်စားတဲ့အခါဖြစ်ဖြစ် လွယ်ကူစွာလုပ်စားလို့ရတဲ့နည်းလမ်းလေးပါနော်။ ကိုယ့်ကျန်းမာရေးအတွက် ၊အလှပရေးရာအတွက် ကြိုက်သလိုသုံးလိုရအောင် ရေးသားလိုက်ရခြင်းဖြစ်ပါတယ်။ ကျန်းမာပျော်ရွင်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ကြပါစေ။

Source: Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။