အာဆင်နယ်အသင်းဟာ ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ ခံစစ်ကို အားဖြည့်ဖို့အတွက် ကစားသမားအချို့ကို ပစ်မှတ်ထားလာခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိမှာ နောက်တန်းကစားသမားနေရာအတွက် ဂျူဗင်တပ်နောက်တန်းကစားသမား ဘီနာတီယာကို ခေါ်ယူရန်စောင့်ကြည့်မှုတွေပြုလုပ်နေတာလည်းဖြစ်ပါတယ်။ဘီနာတီယာကို ခေါ်ယူဖို့အတွက် အာဆင်နယ်အသင်းဟာ ပေါင် ၃၅ သန်းထိ အသုံးပြုသွားမှာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်ကအာဆင်နယ်အသင်းဟာ ဂျူဗင်တပ်နောက်တန်းကစားသမား ဖြစ်သူ ရူဂါနီ ကို ခေါ်ယူရန်လည်းပစ်မှတ်ထားနေခဲ့တာလည်းဖြစ်ပါတယ်။ရူဂါနီကို လည်းစောင့်ကြည့်မှုတွေပြုလုပ်နေခဲ့တာဖြစ်ပြီး ပေါင် ၃၅ သန်းထိ အသုံးပြုသွားဖို့ရှိနေတယ်လို့ သတင်းတွေထွက်ခဲ့တာလည်းဖြစ်ပါတယ်။ယခုအခါမှာ ဂျူဗင်တပ်အသင်း ရဲ့ နောက်တန်းကစားသမား ဘီနာတီယာကို ပြောင်းလဲပြီး ပစ်မှတ်ထားလာခဲ့တာလည်းဖြစ်ပါတယ်။အာစင်ဝင်းဂါးကတော့ ဂျူဗင်တပ်အသင်းရဲ့ ခံစစ်မှူးတွေကို အကြိုက်တွေ့နေတာလည်းဖြစ်ပါတယ်။

ရူဂါနီဟာ အသက် ၂၄ နှစ်အရွယ်သာရှိသေးတာဖြစ်ပြီး ဘီနာတီယာကတော့ အသက် ၃၀ အရွယ်ရှိပြီလည်းဖြစ်ပါတယ်။ဘီနာတီယာကတော့ အတွေ့အကြုံ ကောင်းရှိတဲ့ ခံစစ်ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ဘိုင်ယန်မြူးနစ်၊ ရိုးမား အသင်းတို့မှာ ကစားခဲ့ဖူးတဲ့ နောက်တန်းကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ ဘီနာတီယာ နဲ့ ရူဂါနီ ဘယ်သူများရောက်လာနိုင်မလဲဆိုတာ စောင့်ကြည့်ရအုံးမယ်ဗျာ 

source -  mirror football

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။