တချို့လူတွေကတော့ အမျိုးမျိုးပြောဆိုနေကြပါတယ်။ဘာမျူဒါတြိဂံကြောင့် ၊နက်ရှိုင်းတဲ့ ရေဆွဲအားကြောင့်ဆိုပြီးတော့ ပြောနေကြပါတယ်။သိုပေမဲ့ ဒီသဘောင်္ကြီးဟာ

လွန်ခဲ့သော နှစ်ပေါင်း ၈၀ ခန့်က ပျောက်ဆုံးသွားသည့် ပြည့်တန်ဆာသင်္ဘောကြီးဖြစ်ပြီး ကယ်လီဖိုးနီးယားကမ်းခြေတွင်

ပြန်လည်ပေါ်ပေါက်လာတာပါ။အယ်လ်နီညို မုန်တိုင်းတွေကြောင့် ပြန်လည်ပေါ်လာခြင်းဖြစ်ပါတယ်။

၁၉၃၆ ခုနှစ်အတွင်း လောင်းကစားပွဲ၊ ပြည့်တန်ဆာတို့ဖြင့် နာမည်ကျော် အက်စ် အက်စ် မွန်တိုကာလိုဟူသည့် ပင်လယ်ပြင်အတွင်း ပျောက်ဆုံးသွားခဲ့သော သင်္ဘောသည် ပြင်းထန်တဲ့ အယ်လ်နီညို မုန်တိုင်းတွေကြောင့် နှစ်ပေါင်း ၈၀ လောက် ကြာမြင့်အပြီး မကြာသေးမီက ကယ်လီဖိုးနီးယားပြည်နယ်ကမ်းခြေမှာ ပြန်လည်ပေါ်ထွက်လာပါတယ်။ဒီသင်္ဘောကို လူဆိုးဂိုဏ်းတွေပိုင်ဆိုင်ပြီး S.S. Monte Carlo လို ့ခေါ်ပါတယ်။ နှစ်သစ်ကူးနေ့မှာ ကိုရိုနာဒိုကမ်းခြေတောင်ပိုင်းမှာ နစ်မြှုပ်သွားခဲ့တာပါ။

သင်္ဘောပျက်အပိုင်းအစတွေကို ယခင်က မကြာခဏတွေ့ခဲ့ကြပေမယ့် အခုအခါမှာတော့ အယ်လ်နီညိုမုန်တိုင်းကြောင့် ထင်ထင်ရှားရှား ပြန်တွေ့ခွင့် ရခဲ့ပြီလို့ ဆိုနိုင်တယ်။ 

ပေ ၃၀၀ ရှည်တဲ့ S.S. Monte Carlo သင်္ဘောအကြောင်းကို လေ့လာကြည့်ရရင် ၁၉၂၁ ခုနှစ်က မြောက်ကယ်ရိုလိုင်းနားပြည်နယ်၊ ဝီလ်မင်တန် မြို့တော် မှာတည်ဆောက်ခဲ့တာပဲဖြစ်ပါတယ်။ အရင်က ဆီသယ်သင်္ဘောတစ်စင်း ဖြစ်ခဲ့ပြီး SS McKittrick လို့ခေါ်ပါတယ်၊ပထမ ကမ္ဘာစစ်အတွင်း အမေရိကန်နိုင်ငံမှာ သံမဏိလိုအပ်ချက်တွေရှိနေတာကြောင့် သမ္မတ ဝုဒ်ဒရိုး ဝီလ်ဆင်ရဲ့ ညွှန်ကြားချက်နဲ့ ဆောက်လုပ်ခဲ့တဲ့ သင်္ဘော ၂၄ စင်းမှာ အက်စ်အက်စ် မွန်တီကာလိုလည်း ပါဝင်ခဲ့တယ်။ဒီသင်္ဘောကို အမေရိကန်စစ်ဘက်က ၁၉၂၃ ခုနှစ်အထိ အသုံးပြုခဲ့ပြီး နောက်ပိုင်းမှာတော့ အက်ဒ် တာနာနဲ့ မာတင် စခိုးဝီလာတို့ထံ ရောင်းချခဲ့ပါတယ်။

သူတို့က လောင်းကစားလုပ်ငန်းတွေလုပ်တဲ့နေရာအဖြစ် ပြောင်းလဲခဲ့ပါတယ်။ရှေးယခင်တုန်းက အမေရိကမှာ အရက်သေစာထုတ်လုပ်ဖြန့်ဖြူးသုံးစွဲတာတွေ ပိတ်ပင်ထား တာကြောင့် မှောင်ခိုအရက်သေစာရောင်းဝယ်ရေးအပြင် တခြားဒုစရိုက်လုပ်ငန်းတွေကို ဖန်တီးပေးသလို ဖြစ်ခဲ့တယ်။ ဒါပေမယ့် ၁၉၃၃ ခုနှစ်မှာ ဒီဥပဒေကို ရုပ်သိမ်းပေးခဲ့ပေမယ့် ဒီလိုရုပ်သိမ်းလိုက်တာကြောင့် ဒုစရိုက်လုပ်ငန်းတွေ အဆုံးသတ်သွားပြီလို့တော့ မဆိုနိုင်ပါဘူး။

ဘီယာနဲ့ အဖျော်ယမကာတွေကနေ ဖောဖာသီသီရခဲ့တဲ့ အမြတ်အစွန်းတွေကြောင့် လူဆိုးဂိုဏ်တွေက အားကောင်းကြီးထွားခဲ့ပြီးဖြစ်ပါတယ်။လူဆိုးဂိုဏ်းသားတွေထဲကတချို့ကတော့ လောင်းကစားနဲ ့ ပြည့်တန်ဆာကိစ္စတွေမှာ အာရုံစိုက်နေတုန်း အများစုကတော့ သူတို ့ရှာဖွေခဲ့တာတွေသုံးပြီး ဥပဒေဘောင်ထဲပြန်ဝင်နိုင်ဖို့နဲ့ တရားဝင်လိုင်စင်ရအဖျော်ယမကာ လုပ်ငန်းတွေမှာ အသုံးချခဲ့ကြတယ်။

S.S. Monte Carlo ဟာ အမေရိကန်ရဲ့ဥပဒေကိုရှောင်ရှားဖို့ အတွက် ကိုရိုနာဒို ကမး်ရိုးတန်းကနေ ရေမိုင်သုံးမိုင်အကွာ နိုင်ငံတကာ ရေပိုင်နက်မှာ ကျောက်ချထားခဲ့ပါတယ်။ ဆန်ဒီယေဂိုမြို့နဲ ့လောင်းဘိချ်ကြားက ကမ်းရိုးတန်းမှာ သင်္ဘောနဲ ့လောင်းကစားလုပ်ငန်း လုပ်ကိုင်တာ S.S Monte Carlo ဟာ ပထမဆုံးသင်္ဘောနဲ့ နောက်ဆုံးသင်္ဘော မဟုတ်ပါဘူး။

အတိအကျဆိုရရင် ဒီလိုသင်္ဘောတွေအနက် အကြီးမားဆုံးသင်္ဘောကြီးလို့ ဆိုရမှာ ဖြစ်ပါတယ်။ဒီလောင်းကစားသင်္ဘောကြီးကို စတင်ဖွင့်လှစ်ခါက အချိန်တွေကဆိုရင် ရက်သတ္တတစ်ပတ်ကို လောင်းကစားသမားပေါင်း ၁၅၀၀၀ ကျော်လောက်ထိလာရောက်ခဲ့ကြပါတယ်။

တစ်နှစ်ကို အမြတ်အစွန်း ဒေါ်လာ သုံးသန်းလောက်ရခဲ့ပြီး ယနေခေတ်ငွေကြေးနဲ ့ဆိုရင် ဒေါ်လာ ၅၂ သန်းကျော်နဲ ့ညီမျှပါတယ်။၁၉၃၇ ခုနှစ်၊ နှစ်သစ်ကူးနေ ့ နံနက်သုံးနာရီအချိန်မှာတော့ အားပြင်းတဲ့မုန်တိုင်းတစ်ခုက S.S. Monte Carlo ကို တောင်ကိုရိုနာဒို ကမ်းခြေထိ ဆွဲခေါ်လာခဲ့ပြီး နစ်မြုပ်စေခဲ့တာ ယနေ့ချိန်အထိပဲဖြစ်ပါတယ်။

သင်္ဘောဟာ တရားဥပဒေနဲ ့ဆန်ကျင်တာတွေလုပ်ခဲ့တာကြောင့် ဘယ်သူကမှ ပိုင်ဆိုင်ကြောင်းထုတ်ဖော် မပြောရဲကြဘူး။S.S. Monte Carlo သင်္ဘောပျက်ကြီးထဲမှာ ဒေါ်လာ ၁၅၀,၀၀၀ တန်ဖိုးရှိတဲ့ ရွှေဒင်္ဂါးနဲ့ငွေဒင်္ဂါးတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေလည်း ရှိနေပါတယ်။ 

source - shweinnlay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။