နောက်နှစ်ဇန်နဝါရီလလယ်လောက်မှာရပ်နားထားတဲ့မြန်မာနေရှင်နယ်လိဂ်

ပွဲစဉ်တွေကိုပြန်စမှာပါ။ရာသီသစ်အတွက်အသင်းတိုင်းလိုလိုပြင်ဆင်နေကြတာ

တွေ ့ရပြီးအာရှအဆင် ့ပြိုင်ပွဲတွေယှဉ်ပြိုင်ကြရမယ့် အသင်းကြီးနှစ်သင်း ဖြစ်တဲ့

ရှမ်းနဲ့ရန်ကုန်ယူနိုက်တက်ကတော ့အရှိန်အဟုန်ပြင်းပြင်းနဲ့

ပြင်ဆင်နေကြတာတွေ ့ရပါတယ်။ရှမ်းအသင်းရဲ့ရာသီကြို

ပြင်ဆင်မှှုတွေကိုပရိသတ်တွေကအားရပေမယ့်

ရန်ကုန်အသင်းရဲ့ပြင်ဆင်မှုတွေကိုတော ့ပရိသတ်တွေသဘောမကျနိုင်ဖြစ်နေပါတယ်။

အထူးသဖြင့်ကျော်ကိုကိုထွက်ခွာသွားတဲ့တိုက်စစ်နေရာအတွက်ပေါ ့။

ရန်ကုန်ဟာဒီနှစ်မှာအသင်းကထွက်ခွာသွားတဲ့ဆီဆာနဲ ့

ကျော်ကိုကိုနေရာမှာမကွေးတိုက်စစ်မှှုးဟောင်း

ဆယ်လာနဲ့GFAတိုက်စစ်မှှုးအီမန်နူရယ်တို ့ကိုခေါ်ယူထားပါတယ်။

အသစ်ခေါ်ယူထားတဲ့တိုက်စစ်မှှုးနှစ်ယောက်က

ထွက်သွားတဲ့နှစ်ယောက်လောက်ပရိုဖိုင်းမမြင့်တာကြောင် ့

မမြင့်တာကြောင့်ရန်ကုန်ပရိသတ်တွေမချိတင်ကဲဖြစ်နေကြပါတယ်။

ရှင်နည်းရာအဂ္ဂလူထွက်ဆိုသလို သန်းပိုင်ကလည်း

အူအတက်ပေါက်နေတာကြောင့်ရန်ကုန်တိုက်စစ်က

စိုးရိမ်စရာဖြစ်သွားပါတယ်.

လူငယ်တိုက်စစ်မှှုးတွေဖြစ်တဲ့စိုးမင်းနိုင်၊ ရန်ခ၊ အီစိုးတို့ရှိနေပေမယ် ့

အတွေအကြုံနုနယ်သေးတာကြောင် ့ရန်ကုန်တိုက်စစ်ကိုဝကွက်

အပ်လိုက်ဖို ့ရာမဖြစ်နိုင်ပါဘူး။ရန်ကုန်နည်းပြဦးမျိုးမင်းထါန်းကတော ့

“ကျော်ကိုကိုမရှိတော့ပေမယ့် အသင်းမှာ

အခြားတိုက်စစ်မှူးတွေရှိပါတယ်။ တိုက်စစ်ပိုင်းက

ဂိုးရဖို့အတွက်က စိုးရိမ်စရာမရှိပါဘူး။

အားလုံးအသေအခြာပြင်ဆင်ထားပြီးသွားပါပြီ”လို ့ပြောကြားခဲ့ပေမယ် ့

ရန်ကုန်ပရိသတ်တွေကတော ့စိုးရိမ်နေကြပါတယ်။

Source-YUFC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။