ဆီဗီလားအသင်းရဲ့ ကွင်းလယ်ကစားသမား အန်ဇွန်ဇီကိုခေါ်ယူဖို့ ပရီးမီးယားလိဂ်အသင်းတွေ အပြိုင်လှုပ်ရှားနေတာလည်းဖြစ်ပါတယ်။အဲဗာတန်၊ အာဆင်နယ်အသင်းကလည်းခေါ်ယူဖို့ စောင့်ကြည့်နေခဲ့တာဖြစ်ပြီး ခုလက်ရှိမှာတော့ ဝက်စ်ဟမ်းအသင်းကပါ ခေါ်ယူမဲ့ စာရင်းထဲ ပါဝင်လာခဲ့တာလည်းဖြစ်ပါတယ်။ဝက်စ်ဟမ်းအသင်းရဲ့ နည်းပြသစ် ဖြစ်လာခဲ့ပြီးနောက် မိုယက်စ်ဟာ အသင်းကို ဖြည့်တင်းဖို့အတွက် ဆောင်းရာသီအပြောင်းအရွှေ့မှာ ပါဝင် လှုပ်ရှားလာခဲ့တာလည်းဖြစ်ပါတယ်။

အန်ဇွန်ဇီကို ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ် အသင်းတွေဟာ ပေါင်သန်း ၃၀ လောက်ထိအသုံးပြုသွားရမှာလည်းဖြစ်ပါတယ်။မိုယက်စ်ကတော့ အန်ဇွန်ဇီ ကိုခေါ်ယူဖို့အတွက် စိတ်ဝင်စားနေကြောင်းဝန်ခံပြောကြားလိုက်ပါတယ်။အန်ဇွန်ဇီက တော့ ဆောင်းရာသီအပြောင်းအရွှေ့မှာ အသင်းသစ်ရောက်ရှိမယ်လို့ ထင်ကြေးပေးခံထားရတာလည်းဖြစ်ပါတယ်။ဒါ့အပြင် ပရီးမီးယားလိဂ်ကို ပြန်သွားဖို့ ဆန္ဒရှိနေတာလည်းဖြစ်ပါတယ်။

ဝက်စ်ဟမ်းအသင်းရဲ့ နည်းပြ မိုယက်ဟာ နောက်ထက် ခေါ်ယူရန်စိတ်ဝင်စားနေတဲ့ ကစားသမားနှစ်ယောက်ရှိသေးတာလည်းဖြစ်ပါတယ်။ဆွမ်ဆီးအသင်းရဲ့ ကစားသမားတွေဖြစ်ကြတဲ့ ဆွန်ယောင်ကီ နဲ့ မောဆင် တို့ပဲဖြစ်ပါတယ်။လက်ရှိဝက်စ်ဟမ်းအသင်းမှာရှိနေတဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဟာနန်ဒက်၊ ကာရိုး၊ ဆာခို တို့ကို ဂိုးသွင်းခွင့်ဖန်တီးပေးနိုင်မဲ့ ကစားသမားတွေကို မိုယက်စ်က ရှာဖွေနေတာလည်းဖြစ်ပါတယ်။ဆောင်းရာသီအပြောင်းအရွှေ့ကတော့ မကြာခင် ရောက်ရှိတော့မှာလည်းဖြစ်ပါတယ်။

source - daily mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။