၂၇.၁၂.၂၀၁၇ ရက်နေ့မှ ၂.၁. ၂၀၁၈ အထိ ဆရာစံဇာဏီဘို၏ တစ်ပတ်စာ ဟောကိန်းများကို ဖော်ပြပေးလိုက်ပါတယ်။ ယတြာချေနည်းလေးတွေနဲ့ ကံကောင်းစေမဲ့ ဂဏန်း၊ အရောင်တွေလည်း ပါ၀င်တာကြောင့် အားလုံးပဲ ကံကောင်းကြပါစေနော် …. 

တနင်္ဂနွေနေ့ မွေးသူများ

ကောင်းသော အပြောင်းအလဲနှင့် တိုးတက်မှုများ ရှိမယ်။ ဦးတည်လိုက်တိုင်း၊ နေရာတိုင်းမှာ အတိုက်အခံ ရှိမယ်။ ရန်နဲ့ယှဉ်ပြီး လုပ်ရမယ်။ စေတနာက ဝေဒနာ ဖြစ်တတ်တယ်။ စာရွက်စာတမ်း လက်မှတ်ထိုးခြင်း၊ ငွေကြေးကိစ္စ အာမခံခြင်းကို သတိနဲ့ လုပ်သင့်တယ်။ ချက်ချင်းဆုံးဖြတ်ပြီး လုပ်ကိုင်သင့်တဲ့ ကာလဖြစ်တယ်။ တွေးလေ အာရုံများလေ ဖြစ်မယ်။ ဇန်နဝါရီ ၁ ရက်၊ ၂ရက်နေ့တွေမှာတော့ အရာရာ အဆင်ပြေပြီး ကောင်းတဲ့ နိမိတ်တွေ လွှမ်းမိုးမယ်။ တနင်္ဂနွေ၊ အင်္ဂါနေ့ မွေးသူများကြောင့် စိတ်အနှောင့်အယှက် ဖြစ်တတ်တယ်။ တွေနဲ့ တွဲပြီးလုပ်ပါ။ ကြာသာပတေး၊ ဗုဒ္ဓဟူး၊ တနင်္လာ မွေးသူတွေနှင့် တွဲပြီး လုပ်ငန်းသစ်တွေ လုပ်ကိုင်ဖို့ အကျိုးပေးတယ်။ ကို လွန်လွန်ကဲကဲ မယုံစားပါနဲ့။

အကျိုးပေး ဂဏန်း - ၁၊ ၅ ၊ ၉

ကံကောင်းစေသော အရောင် - အစိမ်းရောင်၊ အပြာရောင်၊ မီးခိုးရောင်

ယတြာ - သံဃာတော်တွေကို မကြာခဏ ရေသန့်လှူဒါန်းခြင်း ပြုလုပ်ပါ။

တနင်္လာနေ့မွေးသူများ

ထူခြားတဲ့ ကံကောင်းခြင်းတွေ တိုးတက်ခြင်းတွေ ရှိလာမယ်။ အလိုဆန္ဒ ပြည့်စုံခြင်းနှင့် ရည်မှန်းချက် အောင်မြင်ခြင်းတွေ ရှိပြီး မိတ်ကောင်းဆွေကောင်းများ အထောက်အကူရခြင်း၊ အလှူမင်္ဂလာများ ပါ၀င် ပတ်သက်ရခြင်း၊ ပျိုရွယ်သူများအတွက် ဆန်းပွင့်ခြင်း ကြုံမယ်။ ကံကောင်းတဲ့ ကာလ ဖြစ်တယ်။ ကျန်းမာရေး အနည်းငယ် ချူခြာမယ်။ တနင်္လာ၊ အင်္ဂါ၊ သောကြာနေ့ မွေးသူများ ကောင်းကျိုးပေးမယ်။ ကြာသပတေးနှင့် စနေ မွေးသူများကြောင့် စိတ်အနှောင့်အယှက် ဖြစ်မယ်။

အကျိုးပေး ဂဏန်း - ၁၊ ၆ ၊ ၉

ကံကောင်းစေသော အရောင် - အအပြာရောင်၊ အနီရောင်၊ ကြက်သွေးရောင်

ယတြာ - နေအိမ်အနီးအနားရှိ သက်ကြီးရွယ်အိုတွေကို မကြာခဏ အစာ အာဟာရ လက်ဆောင်ပေးခြင်း ပြုလုပ်ပါ။

အင်္ဂါနေ့မွေးသူများ

အင်္ဂါနေ့မွေးသူတွေ အနေနဲ့ကတော့ ကောင်းသော ကံကြမ္မာ အပြောင်းအလဲနဲ့ တိုးတက်မှု ရှိမယ်။ လုပ်ငန်းသစ် အကြံသစ်တွေ လက်တွေ့လုပ်ကိုင်နိုင်လိမ့်မယ်။ ကိုယ်ပိုင်လုပ်ငန်းတွေလည်း လုပ်လို့ရသလို အများနဲ့ ထိတွေ့ပြီး ဖွဲ့စည်းလုပ်ရတဲ့ အလုပ်တွေမှာလည်း သာမာန်ထက်ပိုပြီး အောင်မြင်မယ်။ ကိုယ့်အပေါ် အများက လေးစားတဲ့ စိတ်ရောက်မယ်။ ယှဉ်ပြိုင်လိုက်ရင် ကိုယ်က နိုင်မယ်။ ပိုက်ဆံ ဘယ်လောက်ရရ ဆုမိဖို့ မလွယ်တဲ့ ကာလာဖြစ်မယ်။ အကုန်အကျ များနေမယ်။ အလုပ်ပို ကိစ္စပိုတွေ ရှိမယ်။ တိုးတက်မှုတွေကတော့ ထင်ရှားစွာ ရရှိနိုင်မယ်။ ရန်အတိုက်အခံ များနိုင်တယ်။ လူယုံ သတိထားပါ။ တနင်္လာနေ့ ၊ သောကြာ၊ စနေနေ့ မွေးသူများနှင့် ပူးပေါင်း လုပ်ကိုင်ရတာ အဆင်ပြေမယ်။ တနင်္ဂနွေနေ့ မွေးသူတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်စေတတ်တယ်။

အကျိုးပေး ဂဏန်း - ၄၊ ၂ ၊ ၉

ကံကောင်းစေသော အရောင် - အပြာရောင်၊ အညိုရောင်၊ မီးခိုးရောင်

ယတြာ - အိမ်အနီးအပါးမှာ ရှိတဲ့ ကလေးငယ်တို့ကို ချိုချဉ် သကြားလုံး ဝေမျှပါ။

ဗုဒ္ဓဟူးနေ့မွေးသူများ

ထူးခြားတဲ့ အပြောင်းအလဲနဲ့ တိုးတက်မှုတွေပေါ်မယ်။ ရန်အတိုက်အခံနဲ့လည်း ထိပ်တိုက်တွေ့မယ်။ လုပ်ငန်းဟောင်းတွေ တစ်စစ ရပ်ပြီး အသစ်စပါ။ နဂိုစီစဉ်ထားတဲ့ အစီအစဉ်တွေရပ်ပြီး ရုပ်ချည်းအစီအစဉ် အသစ်တစ်ခုကို ထပြီး လုပ်ကိုင်ရမဲ့ အနေအထားမျိုး ဖြစ်မယ်။ ရန်များ၊ ပြသနာများမယ်။ အရေးပါတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ရနိုင်တယ်။ တိုးတက်ခြင်းကို ထင်ရှားစွာ ရနိုင်တဲ့ ကာလဖြစ်တယ်။ တနင်္ဂနွေ၊ ကြာသာပတေး၊ စနေနေ့ မွေးသူတွေ ကောင်းကျိုးပေးပြီး တနင်္လာနေ့ မွေးသူများကြောင့် စိတ်အနှောင့်အယှက် ဖြစ်မယ်။

အကျိုးပေး ဂဏန်း - ၂၊ ရ ၊ ၉

ကံကောင်းစေသော အရောင် - အစိမ်းရောင်၊ အပြာရောင်၊ မီးခိုးရောင်

ယတြာ - ဘုန်းကြီးကျောင်းတွင် အုန်းသီးတစ်လုံး သွားရောက်လှူဒါန်းခြင်း ပြုပါ။ 

ရာဟုမွေးသူများ

ငွေရေးကြေးရေး ကံကောင်းမယ်။ ပုံမှန်နဲ့ မတူ လာဘ်လာဘ ရမယ်။ ချက်ချင်း ဆုံးဖြတ်ပြီး လုပ်တဲ့ ကိစ္စတွေက ထင်ရှားစွာ အောင်မြင်ခြင်းကို ရရှိစေလိမ့်မယ်။ ဆုံးဖြတ်ပြီး လုပ်တာ အဆင်ပြေမယ်။ စေတနာ ဝေဒနာဖြစ်မယ်။ ထင်မှား ခံရမယ်။ မထင်မှတ်ဘဲ လမ်းကြောင်းသစ်တွေနဲ့ တိုးတက်မှု ရှိမယ်။ တနင်္လာ၊ သောကြာ၊ စနေ နေ့ မွေးသူများနှင့် တွဲဖက် အလုပ်လုပ်ကိုင်လျှင် ကံကောင်းစေပြီး တနင်္ဂနွေ၊ ဗုဒ္ဓဟူး မွေးသူများကြောင့် စိတ်အနှောင့်အယှက်ဖြစ်မယ်။

အကျိုးပေး ဂဏန်း - ၄၊ ၂ ၊ ရ

ကံကောင်းစေသော အရောင် - အဖြူရောင်၊ အစိမ်းရောင်၊ မီးခိုးရောင်

ယတြာ - စံပယ်ပန်းကို ဘုရားလှူခြင်း မကြာခဏ ပြုလုပ်ပါ။

ကြာသာပတေးနေ့ မွေးသူများ

ပြောင်းလဲခြင်းနှင့် တိုးတက်ခြင်းများ ရှိမယ်။ လူမျိုးကွဲ အကျိုးပေးမယ်။ အရပ်ဝေးနှင့် ဆက်သွယ်ပြီး လုပ်ကိုင်ခြင်းမှ ကောင်းသော တိုးတက်မှုများ ရမယ်။ လာဘ်လာဘ ရခြင်း၊ ငွေကြေး ကံကောင်းခြင်း၊ ဥစ္စာဓန ကြွယ်ဝခြင်း၊ ဘဝ ရည်ရွယ်ချက် အောင်မြင်ခြင်းတွေ ဆက်တိုက် ရှိလာမယ်။ ချက်ချင်း ဆုံးဖြတ်ပြီး ရှေ့တိုးလုပ်ခြင်းရဲ့ ကောင်းသော အနှစ်သာရကို ထင်ရှားစွာ ခံစားရမယ်။ ကောင်းသော အပြောင်းအလဲနှင့် ကြံုမယ်။ ရန်အတိုက်အခံ အနည်းငယ် ကြံုမယ်။ တနင်္ဂနွေ၊ တနင်္လာ နေ့ မွေးသူများကြောင့် စိတ်အနှောင့်ဖြစ်တတ်ပြီး ကြာသာပတေး၊ ဗုဒ္ဓဟူး၊ စနေနေ့ မွေးသူများနှင့် အလုပ် တွဲဖက် လုပ်ကိုင်ခြင်းကြောင့် ကောင်းသော အပြောင်းအလဲ တိုးတက်မှုတွေ ကြံုမယ်။

အကျိုးပေး ဂဏန်း - ရ၊ ၅ ၊ ၆

ကံကောင်းစေသော အရောင် - အစိမ်းရောင်၊ အပြာရောင်၊ မီးခိုးရောင်

ယတြာ - နေအိမ်အနီးနားရှိ ဘုန်းတော်ကြီးကျောင်းတွင် လက်ဖက်ခြောက် လှူဒါန်းခြင်း ပြုလုပ်ပါ။ 

သောကြာနေ့ မွေးသူများ

သောကြာနေ့ မွေးသူတွေ အနေနဲ့ကတော့ အရေးပါတဲ့ ဆုံးဖြတ်ချက်နဲ့ ဘဝ တိုးတက်မှုကို ကြံုမယ်။ ဦးတည်ချက်အသစ်နဲ့ လုပ်ငန်းတွေ လုပ်ကို်င် အောင်မြင်မယ်။ အခက်အခဲအားလုံးကို ကျော်လွှားပြီးတော့ ဘဝ ရည်မှန်းမှုနှင့် ပြည့်စုံမှုကို အဆင့်ဆင့် ရောက်ရှိမယ်။ ငွေရေးကြေးရေး၊ လုပ်ငန်းကိစ္စတွေမှာ ပြောင်းလဲ တိုးတက်မှုတွေ ကြံုမယ်။ ရန်အတိုက်အခံ များနိုင်တယ်။ ဗုဒ္ဓဟူး၊ တနင်္လာ၊ အင်္ဂါ မွေးသူတွေ ကောင်းကျိုးပေးပြီး တနင်္ဂနွေ၊ စနေမွေးသူတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်မယ်။

အကျိုးပေး ဂဏန်း - ၁၊ ၅ ၊ ၉

ကံကောင်းစေသော အရောင် - အဝါရောင်၊ အပြာရောင်၊ မီးခိုးရောင်

ယတြာ - အဝါရောင်ပန်းကို မကြာခဏ ဘုရားကပ်လှူခြင်း ပြုလုပ်ပါ။

စနေနေ့မွေးသူများ

ရန်အတိုက်အခံ အားလုံးကို ကျော်လွှားပြီး ထူးထူးခြားခြား ကောင်းခြင်းနဲ့ အောင်မြင်ခြင်းတွေ လွှမ်းမိုးမှု ရရှိမယ်။ ကိုယ်ဆောင်ရွက်သမျှ ထွန်းတောက်မယ်။ ရည်ရွယ်သမျှ အောင်မြင်မယ်။ အခက်အခဲအားလုံး ကျော်လွှားနိုင်မယ်။ အလုပ်အဆင့်၊ ဘဝ အဆင့် တိုးတက်မယ်။ ရပိုင်ခွင့်ဟောင်းတွေ ပြန်ရမယ်။ ရန်အနည်းငယ် များမယ်။ အပြောင်းအလဲ ကိစ္စ၊ ခရီးကိစ္စ စီစဉ်မှု အောင်မြင်မယ်။ ကြာသာပတေး၊ ဗုဒ္ဓဟူး၊အင်္ဂါ မွေးသူတွေကြောင့် ကောင်းကျိုးများရပြီး တနင်္လာနှင့် သောကြာနေ့ မွေးသူတွေကြောင့် စိတ်အနှောင့်အယှက် ရတတ်တယ်။

အကျိုးပေး ဂဏန်း - ၃၊ ရ ၊ ၉

ကံကောင်းစေသော အရောင် - အနီရောင်၊ အပြာရောင်၊ မီးခိုးရောင်

ယတြာ - ဘုရားကို သပြေညွှန့် လှူဒါန်းခြင်း ပြုလုပ်ပါ။

သတင်းအရင်းအမြစ် - ဆရာစံဇာဏီဘို

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။