“အမုန်းမှသည်” ဇာတ်ကားထဲမှာ နေချိုသွေးအဖြစ် ပရိသတ်တွေ ချစ်ခင်ရတဲ့ ပရိသတ်အချစ်တော် မင်းသမီးချောလေး ဆောင်းဝတ်ရည်မေကတော့ ဗထူးဈေးထဲမှာ ဈေးကူရောင်းပေးခဲ့တယ်လို့ ဆိုပါတယ်..။

ရိုက်ကူးရေးနဲ့ ရှမ်းပြည် ရပ်စောက်ကို ရောက်ရှိနေပြီး ရှုတင်နားချိန် ဗထူးဈေးထဲသွားခဲ့တာ လက်ဆောင်တွေလည်း ရခဲ့ပြီး ဆိုင်ရှင်ကို ဈေးတွေလည်း ကူရောင်းပေးခဲ့တယ်လို့ ဆိုပါတယ်..။

မီးဖိုချောင်သုံး ဟင်းချက်စရာ ပစ္စည်းတွေရောင်းတဲ့ ကုန်ခြောက်ဆိုင်ရှင် အန်တီကြီးကို ဈေးကူရောင်းပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်..။

သူမရဲ့ လှုပ်ရှားမှုလေးတွေကို ပရိသတ်တွေကို အမြဲ မျှဝေတတ်တဲ့ မင်းသမီးချောလေး ဆောင်းဝတ်ရည်မေကတော့ အခုတစ်ခေါက်မှာလည်း လက်ဆောင်တွေရပြီး ဈေးကူရောင်းပေးခဲ့တဲ့အကြောင်းကိုလည်း သူမက ပြောပြထားတာ ဖြစ်ပါတယ်..။

“တုစိန် ဗထူးဈေး ထဲသွားတာ လက်ဆောင်တွေလဲရတယ် ဆိုင်ရှင် အန်တီကြီး က ပစ္စည်းသွားယူလို့ ဈေးလဲ ကူရောင်းပေးခဲ့သေးတယ်..” လို့ ရေးသားထားပြီး သူမရဲ့ဓာတ်ပုံလေးတွေကိုပါ တင်ပေးထားတာ ဖြစ်ပါတယ်..။

မင်းသမီးချောလေး ဆောင်းဝတ်ရည်မေကတော့ လက်ဆောင်တွေရလို့ ပျော်နေသလို ဆိုင်ရှင်ကို ဈေးတွေလည်း ကူရောင်းပေးခဲ့ရတဲ့အတွက် စိတ်ကျေနပ်ပျော်နေတာ တွေ့ရပါတယ်..။

MRTV-4 ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်တွေရဲ့ အသိအမှတ်ပြု ချစ်ခင်အားပေးမှုတွေကို အခိုင်အမာရရှိပိုင်ဆိုင်ထားသူလေးလည်း ဖြစ်ပါတယ်..။

လတ်တလောမှာလည်း ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေပြီး တပ်မတော် ဂုဏ်ပြုဇာတ်ကားဖြစ်တဲ့ “စစ်ကိုမုန်း၍တိုက်ခဲ့သည်” ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်နေတယ်လို့ သိရပါတယ်..။

သူမရဲ့ အနုပညာလှုပ်ရှားမှုလေးတွေကို ပရိသတ်တွေကို အမြဲမျှဝေလေ့ရှိကာ ဇာတ်ကားတွေလညး အဆက်မပြတ် ရိုက်ကူးနေပြီး ဓာတ်ပုံ၊ မဂ္ဂဇင်းကြော်ငြာတွေလည်း ရိုက်ကူးပေးနေတာ တွေ့ရပါတယ်..။

Source - ဆောင်းဝတ်ရည်မေ fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။