အဆိုတော် Kanye West နဲ့ အလှဘုရင်မ Kim Kardashian တို့စုံတွဲကတော့ ဟောလိ၀ုဒ်ရဲ့ မျက်နှာဖုံးကျော်ကြားသူတွေဖြစ်တာမို့ ကမ္ဘာတစ်လွှားက ပရိသတ်တွေရဲ့ စိတ်ဝင်တစားစောင့်ကြည့်ခံနေရသူတွေဖြစ်ပါတယ်။

ကလေးနှစ်ယောက်ရဲ့ မိဘတွေနေရာရရှိထားပြီဖြစ်တဲ့ သူတို့စုံတွဲ ဟာ နာမည်ကျော်ဆယ်လီတွေဖြစ်သလို အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတွေလည်း ပိုင်ဆိုင်ထားကြပါတယ်။

ကမ္ဘာတစ်လွှားမှာ ခရစ်ယာန်ဘာသာဝင်အနုပညာရှင်တွေလည်း ခရစ်စ္စမတ်နေ့လေးကို ခမ်းခမ်းနားနား ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကျင်းပလျက်ရှိကြပြီး လက်ဆောင်တွေ အပြန်အလှန်ပေးလေ့ရှိကြပါတယ်။

ရက်ပါ အဆိုတော် ကန်နေးဝပ်စ် တစ်ယောက် ဇနီးဖြစ်သူအတွက် ခရစ္စမတ်လက်ဆောင်အနေနဲ့ အမေရိကန်ဒေါ်လာ နှစ်သိန်းတန်ဖိုးရှိတဲ့ လက်ဆောင် ပေးခဲ့တယ်လို့ Mirror သတင်းဌာနက ဖော်ပြထားပါတယ်။

ကင်ကဒါရှင်ကတော့ ဒီနှစ်ခရစ္စမတ်မှာ တော်တော်လေးထောသွားပြီမို့ ပျော်နေလောက်ပါပြီ။

Reality စတားတစ်ယောက်ဖြစ်တဲ့ ကင်ကဒါရှင် ဟာ ခင်ပွန်းသည်ဆီက မမျှော်လင့်ထားပဲ Surprise ရခဲ့တဲ့လက်ဆောင်လေးကို သူ့ရဲ့ အင်စတာဂရမ်ကနေ ဖွင့်ကြည့်တဲ့ ဗီဒီယိုလေးတစ်ခုကို မျှဝေခဲ့တာပါ။

Disney မစ်ကီမောက်အရုပ်လေးရယ် ၊ Apple နားကြပ်ရယ် ၊ Netflix , Amazon စျေးဝယ်ကဒ် နဲ့ Adidas ခြေအိတ်တွေ ကို ရရှိခဲ့တယ်ဆိုပြီး ရေးသားထားတာပါ။ ဒါ့ပြင် "best husband alert!" အကောင်းဆုံးခင်ပွန်းကောင်းပါပဲ ဆိုပြီး ရေးသားခဲ့ပါတယ်။

ကန်နေး နဲ့ ကင်ကဒါရှင်တို့စုံတွဲဟာ ဖက်ရှင်ကျကျနဲ့ စမတ်ကျကျ သွားလာနေထိုင်သူတွေဖြစ်သလို တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတဲ့ စုံတွဲအဖြစ်လည်း ပရိသတ်တွေအားကျနေရတာပါ။

ပရိသတ်တွေအားကျနေရတာပါ။ ကင် ဟာ ကမ္ဘာကျော်စူပါမော်ဒယ် ကိုင်လီ ဂျန်နာ နဲ့ ကန်ဒဲလ် ဂျန်နာ တို့ရဲ့ အစ်မတစ်ယောက်လည်း ဖြစ်ပါတယ်။ 

Source : Mirror, Instagram

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။