အရိုးပွရောဂါဟာ အသက်ငယ်ရွယ်စဉ် ဖြစ်နို်င်ခြင်းအားနည်းပါတယ်။ အရိုးပွရောဂါကိုများ အသောအားဖြင့် သက်ကြီးရွယ်အိုများ အများဆုံးခံစားရလည့်ရှိပါတယ်။အသက်ရှည် သူများသက်ကြီးရွယ်များအနေဖြင့် ၊ အရိုးပွရောဂါ၊ အရိုးပါးရောဂါ ဖြစ်ပွားနှုန်းကပိုမြင် ့တက်လာနိုု်င်ပါတယ်။ လက်ရှိမှာ ဘိုးဘွားဦးရေမှာ ၁၀ ဒသမ ကျော်ရှိနေပါပြီး၊ အာရှတိုင်းတော်တော်များများမှာ သက်ရှည်ကျန်းမာသူတွေ များကြောင်းလည်းတွေ ရှိရပါတယ်။သက်ရှည်သူတွေများလာတာနဲ့အမျှ အရိုးပွ၊အရိုးပါးရောဂါဖြစ်ပွားနူန်းကလည်း ပိုမိုမြင့်တက်လာ နိုင်ပါတယ်။အရိုးပွ၊အရိုးပါးရောဂါကို အမျိုးသားများတွင် အသက်(၇၀) ကျော်တွင်ဖြစ်ပွားလည်းရှိပြီး၊ အမျိုးသမီးများတွင်က အသက်(၅၀)အရွယ်တွင် ဖြစ်ပွားလေ့ရှိပါတယ်။ အသက်ကြီးသူများအနေဖြင့် မတော်တဆ အရိုးကျိုးသွားပါကလည်း ပြန်လည်းကောင်းမွန်ဖို့က အလွန်ရှားပါးလွန်းပါတယ်။ ဒါကြောင့် ဘိုးဘွားများအနေဖြင့် ဂရုတစ်စိုက်သတိရှိကြဖို့ မိသားစုအနေဖြင့်လည်း ဖေးမကူညီစောင့်ရှောင့်ပေးရ ပါမယ်။

သက်ကြီးရွယ်အိုများအနေဖြင့် အရိုးပွ၊အရိုးပါးရောဂါကို ကြိုတင်သိရှိဖို့က အရေးကြီးပါတယ်။ ကြိုတင်ပြီး တော့လည်း စစ်ဆေးသင့်ပါတယ်။ ခုချိန်မှာတော့ အသက်ကြီးလာလို့ မတော်တဆ အရိုးကျိုးတော့မှ အရိုးပွ၊ အရိုးပါးရောဂါဖြစ်နေတာကို သိရှိရပါတယ်။သိရှိမှ ကုသတာထက် မဖြစ်ခင်ကြိုတင်ကာကွယ်တာက ပိုကောင်းတဲ့အရာဖြစ်ပါတယ်။ ခွဲစိတ်ပြီးကုသရင်လည်း ပြန်ကောင်းလာပေမဲ့ လူပင်ပန်း ငွေကုန်ကြေးကျ များပါတယ်။ ဒါကြောင်း အသက်(၅၀)ကျော်အမျိုးသမီးတွေ၊ အသက်(၆၀)ကျော်အမျိုးသားတွေအနေနဲ့ စတင်စစ်ဆေးသင့်ပါတယ်။ မပေါဆသင့်ပါဘူးနော်။ ဒီအတိုင်းထားလိုက်ပြီး တင်ပါးဆုံရိုးကျိုးခါမှ ကူပါအုန်း၊ကယ်ပါအုန်း အခန့်မသင့်ရင်လည်း အသက်ဆုံးရှှုံးနိုင်တဲ့အနေအထားရှိနေပါတယ်။ ဒါကြောင့် မိသားစုအနေနဲ့ လုံးဝမပေါ့ဆသင့်ပါဘူးနော်။ သုတေသန ပြုလုပ်ချက်အရ အသက်(၃၀) ကျော်လာတာနဲ့ အမျှအရိုးစ ပါးလာပြီးဖြစ်၍ အရိုးများဟာအရိုးခေါင်းပွများစဖြစ်လာခြင်းကြောင့် ရိုးတွင်းချဉ်ဆီ သိပ်သည်းဆ နည်းသွားသဖြင့် အရိုးကျိုးခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ဒါကြောင့် အသက်(၃၀) ကျော်လာတာနဲ့အမျှ အရိုးပါး၊အရိုးပွ ရောဂါရှိမရှိစစ်ဆေး မှုခံယူသင့်ပါတယ်။ အရိုးခိုင်ခန့်ဖို့အတွက် ငါးများများစားသုံးနိုင်သလို နို့ထွက်အစားစားများကိုလည်း စားသုံးနိုင်ပါတယ်။ နွားနို့ကို အသက်အရွယ်ကြီးသူတွေအနေနဲ့ တစ်နေ့တစ်ခွက်သောက်သုံးသင့်ပါတယ်။ လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်သင့်ပါတယ်။ အသက်အရွယ်ကြီးသူတွေက ပုံမှန်လမ်းလျောက်ခြင်း၊ လေကောင်းလေသန့်ရရှိ တဲ့နေရာတွေမှာ သွားရောက်နေထိုင်ခြင်းတို့ ပြုလုပ်ပေးရပါမယ်။မိသားစုတွေအနေနဲ့လည်း ဘိုးဘွားတွေကို အချိန်ပေးပြီး ပျော်ရွင်စွာထားရပါမယ် ။ အဘိုးအဘွားတွေဆိုတာကလည်း မိတ်ဆွေတို့ငယ်ငယ် ကတည်း ကနေပြုစုစောင့်ရှောင့်လာတဲ့ သူတွေဖြစ်ပါတယ်။ ဒါကြောင့်ဘိုးဘွားတွေကို တတ်နိုင်သမျှ ဖေးမကူညီပေးဖို့ လိုပါတယ်နော်။ အားလုံးပျော်ရွင်တဲ့ မိသားစုဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ။

Source : 7 daily news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။