နာမည်ကျော်မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်တဲ့ ညီညီမောင်(စမ်းချောင်း) တစ်ယောက် သူမရဲ့ ခံစားချက် နဲ့ ပက်သက်ပြီး Interview တစ်ခုမှာ ရင်ဖွင့်ပြောကြားခဲ့ပါတယ်။ သူမရဲ့မိတ်ကပ် ပညာစတင်သင်ကြား တဲ့နေရာကတော့ မိတ်ကပ် အောင်အောင်(တောင်ကြီး) စီမှာ ဆယ် တန်းစာမေးပွဲဖြေပြီးတဲ့နောက်မှာ သင်တန်းတက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။ ဒီလိုသင် တန်းတက်ရင်း ကြိုးစားရင်းနဲ့ကမှစလို့ ရှုတင် တွေလိုက်ရင်းနဲ့မှ လက်ရှိနာမည်တစ်ခု ရနေတဲ့ အနေအထားထိကို တက်လှမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အခြေခံဘဝကနေ စတင် ပြီး အောင်မြင်အောင်ကြိုးစားနိုင်ခဲ့တဲ့ အရည်အချင်းတစ်ခုဟာ လေးစားစရာကောင်းလွန်းပါ တယ် ပရိတ်သတ်ကြီးရေ။ အောင်မြင်ပြီးနောက်ပိုင်းမှာ သူမကို ဝေဖန်တိုက်ခိုက်တာတွေ ပိုများလာတယ်လို့ဆိုပါတယ်။

အစပိုင်းမှာတော့ ဝေဖန်တာတွေကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိပေမယ့် နောက်ပိုင်းမှာ တော့ စိတ်ထားတတ်သွားတယ်လို့ဆိုပါတယ်။ လိင်ပြောင်းခွဲစိတ်မှုလုပ်ဖို့ အသိပေးတုန်းက လည်း ဝိုင်းဝန်းပြောဆိုထိုးနှက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီလိုပြောကြတဲ့စကားတွေအားလုံးကို ကဲ့ရဲ့တယ်လို့မမြင်ပဲ သူမကိုချစ်ခင်အားပေးကြတယ်လို့ပဲ သူမအနေနဲ့ သုံးသပ်ပါတယ်လို့ဆိုပါ တယ်။ ဆိုးတာပဲပြောပြော ကောင်းတာပဲပြောပြော သူမကို ချစ်ခင်နှစ်သက်လို့ဝေဖန်နေတာ ဖြစ်တယ်လို့ဆိုပါတယ်။ အဓိကက သူမကိုဥပေက္ခာမပြုသွားတာပဲ ကျေးဇူးတင်ပါတယ်လို့ ဆိုပါတယ်။ ဝေဖန်ပေးသမျှသူတွေအားလုံးကိုလည်း ကျေးဇူးတင်ကြောင်း သူမကဆိုပါ တယ်။ မိခင်မရှိတော့တဲ့နောက်ပိုင်းမှာ ကိုယ့်ဘဝကိုယ်ကျောင်းပြီး ကိုယ့်ဒူးကိုယ်ချွန် နေလာခဲ့တယ်လို့ ဆိုပါတယ်။

အသက် သုံးဆယ့်ငါးနှစ်မှာ ခင်ပွန်းနဲ့တွေ့ခဲ့ပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေး ကို ဖန်တီးဖြစ်တယ်လို့ဆိုပါတယ်။ ဇန်နဝါရီလမှာ မိတ်ကပ်သင်တန်းဖွင့်လှစ်ဖြစ်မယ်လို့ လည်း ဆိုပါတယ်။ သူမစတင်ပြီး သင်တန်းတက်ခဲ့စဉ်က ငွေကြေးအဆင်မပြေတာကြောင့် သင်တန်းကြေး ခုနှစ်သောင်း ကို ငါးသောင်းပဲပေးနိုင်ပြီး တက်ခဲ့ရတယ်လို့ဆိုပါတယ်။ ဒီလို အကြောင်းအရာတွေကိုထောက်ထားပြီး သူမအနေနဲ့သင်တန်းကြေးကို ငါးသိန်းပဲသတ်မှတ် ထားတယ်လို့ဆိုပါတယ်။ တခြားသင်တန်းတွေလို ဆယ်သိန်း ဆယ့်ငါးသိန်းလဲမယူဘူးလို့ ဆို ပါတယ်။ ဒီလိုပြောရခြင်းဟာ တခြားသင်တန်းတွေကို ပုတ်ခတ်တာမဟုတ်ပဲ နယ်ကလာတဲ့ သင်တန်းသားတွေကို ကိုယ်ချင်းစာတာကြောင့် ဈေးလျော့ပြီး ယူခဲ့တာပါလို့ဆိုပါတယ်။

နောက်ပိုင်းတွေမှာ မိတ်ကပ်လောကဟာ အရမ်းတိုးတက်ပြောင်းလဲသွားတာဖြစ်လို့ သူမက အရမ်း ဝမ်းသာတယ်လို့ဆိုပါတယ်။ ယခင်ကာလတွေမှာ နာမည်ကြီးတဲ့မိတ်ကပ်ပညာရှင် တွေလောက်ပဲ အများစုပွဲတွေမှာပြင်ရတယ်လို့ဆိုပါတယ်။ လက်ရှိနောက်ပိုင်းမှာတော့ ပညာရှင်တွေအကုန် ပြင်ဆင်လာနိုင်တာတွေ့ရတော့ သူမအနေနဲ့ကျေနပ်မိကြောင်း ပြော ပါတယ်။ မိတ်ကပ်လောကကြီး ဟာလည်း ပိုပြီးပျော်စရာကောင်းလာတယ်လို့ ဆိုပါတယ်။ သူမကိုချစ်သူခင်သူ မုန်းသူအားလုံး နှစ်သစ်မှာစိတ်ပျော်ရွှင်ပြီး ကိုယ့်သာသနာကိုစောင့် ရှောက်နိုင်တဲ့သူတွေဖြစ်ကြပါစေလို့ ဆုတောင်းပေးခဲ့ပါတယ် ပရိတ်သတ်ကြီးရေ။

Source – Myanmar Cele 7

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။