နာမည်ကျော်မင်းသမီးတစ်ဦးဖြစ်တဲ့ အကယ်ဒမီဖွေးဖွေးတစ်ယောက် သူမရဲ့အချစ်ဆုံးသူငယ် ချင်းဖြစ်သူ စာရေးဆရာမ မာရင်ရင်ကို သူမရဲ့ syko တံဆိပ်အင်္ကျ ီလေး လက်ဆောင်ပေး ခဲ့ပါတယ်။ သူမတို့သူငယ်ချင်းနှစ်ယောက်ဟာ တကယ့်ကို Best Friend အဖြစ်နဲ့ နှစ်ပေါင်း များစွာခင်မင်ခဲ့ကြပြီး တစ်ယောက်ကိုယ်တစ်ယောက်ဖေးမရင်း သူငယ်ချင်းသံယောဇဉ်ကို ခိုင်မြဲသည်ထက်ပိုပြီးခိုင်မြဲအောင် တည်ဆောက်လာခဲ့ကြတာပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဖွေးဖွေးက သူမရဲ့သူငယ်ချင်းနဲ့ အင်္ကျ ီဆင်တူလေးဝတ်ပြီး ချစ်စရာကောင်းတဲ့ဓာတ်ပုံလေး တွေကို ရိုက်ကူးခဲ့ပါတယ်။

ဖွေးဖွေးရဲ့နာမည်အရင်းဖြစ်တဲ့ ရွှေရည်ကိုဦးဆိုတဲ့နာမည်အတိုကောက်စာလုံးလေးတွေဖြစ် တဲ့ syko ဆိုတဲ့ နာမည်နဲ့အင်္ကျ ီဆိုင်လေးတစ်ဆိုင်ဖွင့်လှစ်ခဲ့တာပဲဖြစ်ပါတယ်။ ထူးခြားတာ တစ်ခုက သူမရဲ့အင်္ကျ ီအိတ်ကိုပိတ်တဲ့ တိပ်လေးမှာ အကိတ်ဆိုတဲ့နာမည်လေးထွင်းထား တာပဲဖြစ်ပါတယ်။ သူမသူငယ်ချင်း စာရေးဆရာမလေး မာရင်ရင်ရဲ့ ဖွံ့ထွားတဲ့ပုံလေးကြောင့် ဒီအကိတ်ဆိုတဲ့စာလုံးလေးနဲ့တကွ အင်္ကျ ီလေးကို လက်ဆောင်အဖြစ်ပေးခဲ့တာ ဖြစ်ပါ တယ်။ ချစ်စရာကောင်းတဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ပုံလေးတွေက မြင်သူတိုင်းကြည်နူးစေ မှာ အသေအချာပါပဲ။

နှစ်ယောက်အတူ ပန်းရောင်ခေါင်းစွပ်အနွေးထည်လေးကိုဝတ်ထားကြပြီး ချစ်စရာကောင်းတဲ့ ပုံစံလေးတွေနဲ့ ဆယ်ဖီအလှပုံရိပ်လေးတွေကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဖွေးဖွေးရဲ့ သူငယ်ချင်း စာရေးဆရာမ မာရင်ရင်က “ ကျမ အကိတ်ပါလေ ” ဆိုတဲ့စာလေးနဲ့အတူ သူမ တို့နှစ်ယောက် ကြည်ကြည်နူးနူးရိုက်ကူးထားတဲ့ ဆယ်ဖီပုံရိပ်လေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ ဖွေးဖွေးရဲ့ နေအိမ်မှာပဲ ရိုက်ကူးထားတာဖြစ်ပြီး ရိုးရိုးလေးမပြင်မဆင်ပဲနဲ့တောင် ချစ်စရာကောင်းနေတဲ့ သူမတို့နှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Photo – Maryinyin’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။