ဂီတလောကမှာ အောင်မြင်တဲ့လမ်းကြောင်းပေါ် ရောက်နေပြီဖြစ်တဲ့ အဆိုတော်သားငယ်ကတော့ Myanmar Idol Season2 ရဲ့ Winner တစ်ယောက်အဖြစ် တစ်နိုင်ငံလုံးက ပရိသတ်အားပေးမှုတွေရရှိခဲ့တာပါ။

သားငယ်မှာ လက်ရှိမှာ နာမည်ရလာတဲ့ အဆိုတော်တစ်ဦးဖြစ်ပြီး ရှိုးပွဲတွေတိုင်းမှာ နယ်လှည့်ဖျော်ဖြေနေရသလို ကြော်ငြာတွေလည်း ရိုက်ကူးနေရပါတယ်။

မြန်မာအိုင်ဒေါမှာ ဆုရရှိပြီးနောက်မှာ အောင်မြင်မှုတွေနဲ့အတူဆုကြေးငွေတွေများစွာ ရရှိခဲ့ပေမယ့်လည်း သူ့ရဲ့ ငယ်ဘဝ ဖြတ်သန်းခဲ့ပုံတွေကို ကြုံရင်ကြုံသလို ပွင့်ပွင့်လင်းလင်း ပြောလေ့ရှိသူပါ။

သားငယ် ဟာ ဇနီးသည်နဲ့အတူ ရခိုင်မှာ ပဲကြော်ရောင်းခဲ့တဲ့ဘဝကိုလည်း ပြိုင်ပွဲဝင်နေချိန်ကထဲက မကွယ်မဝှက်ပဲ ပြောပြခဲ့တာပါ။

ငယ်စဉ်ကထဲက မိဘနှစ်ပါးဆုံးပါးခဲ့ပြီး ဘဝနာခဲ့ဖူးတဲ့ သားငယ်ရဲ့ ရင်ဖွင့်သံတွေကို Myanmar People Magazine မှာ အခုလိုပြောပြထားတယ်လို့သိရပါတယ်။

"ဆယ်ကျော်သက်အရွယ် လူမှန်းသိတဲ့ အရွယ်ကတည်းက ကျွန်တော်ကမလိမ္မာဘူး၊ ဆိုးခဲ့တယ်။ ကျွန်တော့်အတွက်က အဖိုး၊ အဖွား၊ အဒေါ်အရမ်းကောင်းတယ်။ အဖေ၊ အမေက ငယ်ငယ်ကတည်းက ဆုံးသွားတယ်။ အမေဆုံးတုန်းက ၈ နှစ်အရွယ် သိပ်မသိသေးဘူး၊ အဖေဆုံးတော့ ၁၀တန်း။ အဲဒီအချိန်က သိပ်မခက်ခဲသေးဘူး။ 

ခက်ခဲတာက အရမ်းဆိုးပြီး လိမ္မာတော့မယ်၊ ပြောင်းလဲတော့မယ်ဆိုတဲ့အချိန်။ အသက် ၁၈၊ ၁၉ နှစ်လောက်မှာ။ အဲဒီအချိန်မှာ နယ်ကျွံနေပြီ။ ကျွန်တော်ဆယ်တန်းဖြေပြီးတော့ Export၊ Import ဦးလေးဆီမှာ လုပ်တယ်။ အဲဒီမှာ ကျွန်တော်အရမ်းဆိုးပြီး အိမ်ပေါ်ကနေ ဇာတိရခိုင်ကို ပြန်ဆင်းသွားတယ်။ အဲဒီတုန်းက အမျိုးသမီးနဲ့ ကျွန်တော်ကြိုက်နေတဲ့အချိန်။ ကိုယ့်ဘာသာကိုယ်ပြန်ထမယ်ဆိုတဲ့အချိန် အရမ်းနောက်ကျနေပြီ။

မိသားစုကလက်မခံဘူး။ ဒလမှာ သဘောင်္နဲ့ ဖျာပုံဘက်ကို သွားတဲ့ကမ်းမှာ လူခေါ်ရတယ်။ တစ်နေ့ကို ၄၀၀၀ ရတယ်။ စားဖို့ပဲ ရတယ်၊ နေဖို့မရဘူး။ ကျွန်တော် ဖုန်းပြောချင်တယ် ရည်းစားနဲ့။ ချစ်သူကလည်း အဝေးမှာ။ ဒါပေမဲ့ ဖုန်း Keypad လေးကို ရောင်းလိုက်ရတယ်။တော်တော်ခက်ခဲတယ်။ ဖုန်းအရမ်းလိုချင်ပေမဲ့ မစားဘဲလည်း မစုနိုင်ဘူး။ အဲဒီအချိန်မှာ အရမ်းခက်ခဲတယ်။ ပြီးတော့ ဆံထုံးနောက်ယောင်ပါ။ ပြင်ဦးလွင်ကိုလိုက်သွားတယ်။ သူနဲ့ရပြီးတဲ့အချိန်မှာ ကျွန်တော့်ဘဝက ပြောင်းလဲသွားတယ်။ တော်တော်လေး ပြောင်းလဲလိုက်နိုင် ပါတယ်။" လို့ဆိုပါတယ်။

ချစ်တုံးကြီးကို ဆက်ပြီးအားပေးကြလိုက်ဦးနော်ပရိသတ်ကြီးရေ။ 

REF: Myanmar Peoplemagazine 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။