မျက်နှာ အရေပြားပေါ်ရှိ ၀က်ခြံ၊ အမဲစက် နှင့် အမာရွတ်များ အားလုံးအတွက် အံ့သြစရာ အိမ်တွင်းကုထုံးနည်းကို ဖော်ပြပေးလိုက်ပါတယ်။ မယုံကြည်လို့ ကိုယ်တိုင် စမ်းသပ်ကြည့်တာ တကယ့်ကိုပဲ အံ့သြစရာ ကောင်းလောက်အောင် သိသာတာမို့ ဖော်ပြပေးလိုက်ရခြင်း ဖြစ်ပါတယ်။ တစ်ပတ် (၇ ရက်) အတွင်းမှာ နှစ်ကြိမ် မှ သုံးကြိမ်ခန့် ပြုလုပ်ပေးခြင်းဖြင့် သိသိသာသာ မျက်နှာအသားအရေကို ချောမွေ့စေမှာ ဖြစ်ပါတယ်။ ဒါဆိုရင် နည်းလမ်းလေးကို လေ့လာကြည့်လိုက်ရအောင်နော်။

ပါ၀င်ပစ္စည်းများ

- ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

- သံပရာသီး/ သံပရိုသီး တစ်ခြမ်း

ပျားရည် အစစ် ဖြစ်ဖို့တော့ လိုအပ်ပါတယ်။ ပါ၀င်ပစ္စည်းက နှစ်မျိုးတည်းမို့ ဘယ်သူမဆို အလွယ်တကူပဲ အိမ်မှာ စမ်းသပ်လို့ ရပါတယ်။

အသုံးပြုပုံ အဆင့်ဆင့်

- ခွက်တစ်လုံးထဲသို့ သံပရာသီး (သို့မဟုတ်) သံပရိုသီး အရည်ရအောင် ညှစ်ပြီး ပျားရည် ၂ ဇွန်း နှင့် ရောစပ်မွှေပါ။

- ထို အနှစ်များကို မျက်နှာအနှ့ံ လိမ်းကျံပြီး ၁၅ မိနစ်မှ မိနစ် ၂၀ ခန့် ထားပါ။ အထူးသတိထားရမှာက မတော်တဆ သံပရာရည် များသွားခဲ့ရင် ၈ မိနစ်မှ ၁၀ မိနစ်ခန့်သာ ထားပါ။

- နောက်ဆုံးမှာတော့ ရေအေးဖြင့်သာ မျက်နှာသစ်ပြီး နူးညံ့သော မျက်နှာသုတ်ပဝါဖြင့် သုတ်ပေးပါ။

ဒီနည်းလမ်းကို တစ်ပတ်မှာ နှစ်ကြိမ်မှ သုံးကြိမ်အထိ ပြုလုပ်ပေးနိုင်ပြီး တစ်ပတ်အတွင်း သိသိသာသာ မျက်နှာ အသားအရေ ချောမွေ့စေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ အိမ်တွင်းကုထုံးနည်းက ၀က်ခြံ၊ အမဲစက်တွေနဲ့ အမာရွတ်တွေကိုပါ သက်သာ ပျောက်ကင်းစေပါတယ်။

သူငယ်ချင်းတွေကိုလည်း ဒီနည်းလမ်းလေး မျှဝေပေးလိုက်ပါဦးနော်။ 

သတင်းအရင်းအမြစ် - YouTube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။