အမျိုးသမီးတွေအနေနဲ့ အစားသောက်အနေအထိုင်အထူးဂရုပြု နေထိုင်သင့်ပါတယ်။ နောက်တစ်ခါ ကျန်းမာရေးလည်း လိုက်စားရပြန်ပါတယ်။ အမျိုးသမီးတွေက အလှအပလည်းဂရုစိုက်ရတယ်။ ကိုယ့်ကိုကိုယ် အမြဲဂရုစိုက်မှ အရာအားလုံးအဆင်ပြေနိုင်မှာပါနော်။ မိမိကိုယ်ကိုဂရုမစိုက်ရင် ဘယ်သူကလာပြီးဂရုစိုက်မှာ ပါလဲ။ ဒါကြောင့်အမျိုးသမီးတွေ အစဉ်လှပစေဖို့ အမျိုးသမီးတွေစားသင့်တဲ့ သီးနှံလေးတွေကို ဖော်ပြပေးလိုက် ရပါတယ်။အသီးအနှံတိုင်းမှာ လူတွေကို အကျိုးပြုစေတဲ့ ဓာတ်တွေပါရှိနေပါတယ်။ ဒါကြောင့် ကိုယ်စားလိုက်တဲ့ အစားစားက ဘယ်လောက်ထိကိုယ်ကို ပြန်အကျိုးပြုစေလဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။

ပထမဆုံး သင်္ဘောသီးအကြောင်းပြောကြရအောင်နော်။ သင်္ဘောသီးမှာ ကျန်တဲ့အသီးတွေထက် ဗီတာမင်စီ နှစ်ဆပါဝင်တဲ့အတွက် ကျောက်ကပ်ရောဂါတွေအတွက် ကောင်းမွန်စေပါတယ်။ သိပ္ပံပညာရှင်တွေ အဆိုအရ သွေးကိုသန့်စင်ပေးရာမှာ သင်္ဘောသီးက များစွာအထောက်အကူပေးနိုင်ပါတယ်။ သင်္ဘောသီးတစ်လုံး စားလိုက်ခြင်းက ဗီတာမင်စီသာမက စိတ်ကိုလည်း ပျော်ရွင်မှုကိုပေးစွမ်းနိုင်ပါတယ်။ ဒုတိယတစ်ခုအနေနဲ့ လျှော်စေ့ဖြစ်ပါတယ် မုန့်ဖုတ်ရာတွင် အသုံးပြုပါတယ်။ ရင်သားကင်ဆာဖြစ်ပွားမှုကို ကင်းဝေးစေပါတယ်။ အမျိုးသမီးတွေအနေ မိမိစားသုံးတဲ့ အစားအစားတွေထဲမှာ ထည့်သွင်းစားသုံးခြင်းဖြင့် ကျန်းမာတဲ့ ရင်သားကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။တတိယတစ်ခုကတော့ တို့ဟူးကိုအမျိုးသမီးတိုင်း သိကြမှာပါ။ တစ်ချို့ဆို တို့ဟူးကျော် ဆိုရင် အရမ်းကြိုက်ကြပါတယ်။ပရိုတိန်းဓာတ်ပါဝင်တဲ့ အတွက်ကိုလက်စထရောကို လျော့ချပေးပြီး အမျိုးသမီး တွေ အဖြူဆင်းခြင်းကို သက်သာစေပါတယ်။ တစ်နေ့ကို ပရိုတိန်းဓာတ် ၃၅ မီလီဂရမ်လိုအပ်တာကြောင့် တို့ဟူး ကိုနေ့တိုင်းစားပေးသင့်ပါတယ်။

အမျိုးသမီးတွေအနေနဲ့ ဓမ္မတာလာစဉ်နဲ့ မလာမိအတွင်း လေလံထိုင်းမှိုုင်းခြင်း၊ ကိုယ်လက်မအိမသာဖြစ်ခြင်း၊ သံဓာတ်နည်းပါးခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းတို့ ခံစားရလည့်ရှီပါတယ်။ ဒါကြောင့် ဝက်သားစားသင့်ပါတယ်။ ဝက်သားမှာ သံဓာတ်ပါဝင်လို့အမျိုးသမီးတွေ စားသုံးသင့့်ပါတယ်။သံပုရာသီး တစ်စိပ်ကိုနေ့စဉ် စားသုံးပါက လည်းအမျိုးသမီးတွေ လိုအပ်နေတဲ့သံဓာတ်ကိုရရှိနိုင်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ ဂေါ်ဖီထုပ်ဖြစ်ပါတယ်။ ဂေါ်ဖီထုပ်က အမျိုးသမီးတွေအဖြစ်များတဲ့ သွေးဆုံးမီးယပ်ဖြစ်ခြင်း၊ အရိုး၊ အဆစ်များနာကျင်ခြင်း၊တို့ကို သက် သာစေနိုင်ပါတယ်။အမျိုးသမီးများဟာ ဗီတာမင်ကြွယ်ဝတဲ့ အစားစားတွေစားဖို့လိုအပ်ပါတယ်။ဗီတာမင် မကြွေ ဝတဲ့အခါမှာတော့ အရိုးကျိုးခြင်း၊ လေနာရောဂါများခံစားရခြင်း၊ တို့ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ ဗီတာမင်ကြွယ်ဝတဲ့ အစားအစားတွေကိုများများစားသုံးကြပါလို့တိုက်တွန်းလိုက်ရပါ တယ်။အားလုံးကျန်းမာရွင်လန်းကြပါစေ။

Source : မြဝတီ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။