ပျိုမဒီလေးတို့ရေ ရင်သားကို ကိုယ်ခန္ဓာလှပစေဖို့ တစ်ခုတည်းပဲ ဂရုမစိုက်ပါနဲ့နော်။ ရင်သားကနေ သိနိုင်တဲ့ ကျန်းမာရေးကိစ္စပေါင်းများစွာလည်း ရှိပါသေးတယ်။ ဒါကြောင့် လှပဖို့တစ်ခုတည်းနဲ့ မဟုတ်ပဲ ကျန်းမာရေးအတွက်ပါ တူတူဂရုစိုက်ကြရအောင်နော် ။

ရင်သားကပြောနေတဲ့ ကျန်းမာရေးအခြေအနေတွေကတော့ ဒီလိုပါ ပျိုမေလေးတို့ရေ ။

(၁) ရင်သားမှာ အဖုအကျိတ်တွေ ထွက်လာတာ

လစဉ်ရာသီသွေးသားပေါ်တဲ့အခါမှာ အဖုအကျိတ်ကလေးတွေ ရင်သားထဲမှာ ဖြစ်တက် ပါတယ်။ ဒါပေမယ့် ဒီလိုအဖုအကျိတ်လေးတွေက ရာသီသွေးရပ်သွားတာနဲ့ ပြန်ပျောက်သွား ပါတယ်။ ဒီလိုမှမဟုတ်ပဲ ပြန်မပျောက်ပဲ ဆက်ဖြစ်နေတုန်းပဲဆိုရင်တော့ ဆရာဝန်ဆီ သွား သင့်ပါတယ်။

(၂) ရင်သားသေးသွားခြင်း

ပိန်တဲ့အခါမျိုးမှာ အဆီဆဲလ်တွေလျေ့ာနည်းသွားတာကြောင့် ရင်သားသေးသွားတာလဲ ဖြစ်နိုင်သလို အသက်အရွယ်ရလာလို့ သွေးဆုံးခါနီးလို့လဲ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပိန်လဲ မပိန်သွားဘူး အသက်အရွယ်ကြောင့်လဲ မဟုတ်ဘူးဆိုရင်တော့ PCOS ဖြစ်နေနိုင်လို့ ဆရာဝန် နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

(၃) နို့သီးခေါင်းက ရင်သားထဲကိုဝင်နေခြင်း

ငယ်စဉ်ကတည်းက ဒီအတိုင်းပဲဆိုရင်တော့ ဒါကမွေးရာပါ လက္ခဏာမို့ ပြသာနာမရှိပါဘူး။ ဒီလိုမှမဟုတ်ပဲ အသက်အရွယ်ကြီးလာမှ ဖြစ်လာတာဆိုရင်တော့ ဆရာဝန်နဲ့ စစ်ဆေးသင့် ပါတယ်။ ဒါက ရင်သားကင်ဆာရဲ့လက္ခဏာထဲမှာ ပါနေလို့ပဲ ဖြစ်ပါတယ်။

(၄) ရင်သားနာကျင်တက်ခြင်း

တခါတလေမှာ ရင်သားကစူးရှစွာ နာကျင်တာကို ခံစားရတက်ပါတယ်။ အချို့ကတော့ တလလောက်ထိ မကြာခဏဆိုသလို နာကြင်တက်ပါတယ်။ ဒါဟာ ဟော်မှန်းမညီ မျှမှု များနဲ့ သံဓာတ်ချို့တဲ့တာကြောင့် ဖြစ်ပေါ်တက်ပါတယ်။ ဒီလိုမှမဟုတ်ပဲ ကာလကြာရှည်စွာ နာကြင်တက်တယ်ဆိုတော့ ဆရာဝန်ဆီ အမြန်ဆုံးပြသင့်ပါတယ်။

ဒီအကြောင်းအရာလေးတွေကို သိပြီးပြီဆိုရင်တော့ ရင်သားပြောင်းလဲနေတာကို ဂရုစိုက်လိုက် ရအောင်နော် ။သေချာစစ်ဆေးပြီးတဲ့အခါ ဆရာဝန်နဲ့ အမြန်ဆုံးတိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ကျန်းမာနေမှ လှပနိုင်မှာ မဟုတ်ပါလား ပျိုမေတို့ရေ ။

Source – Hello ဆရာဝန်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။