တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် မိန်းကလေးအဆိုတော် အဖွဲ့ဖြစ်တဲ့ အချောအလှလေးတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ Miss A အဖွဲ့ကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်..။

Miss A ရဲ့ Fan တွေကတော့ သူတို့ချစ်ခင်အားပေးရတဲ့ အဖွဲ့ ဖျက်သိမ်းတဲ့ သတင်းကြားလိုက်ရတဲ့အချိန်မှာတော့ အားလုံးက မယုံနိုင်လောက်အောင် အံ့သြသွားခဲ့ကြပါတယ်..။

Miss A အဖွဲ့ကို တရားဝင်ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့ အကြောင်းကိုတော့ JYP Entertainment တရားဝင်ထုတ်ပြန်ကြေညာလိုက်တာ ဖြစ်ပါတယ်..။

ယနေ့ ဒီဇင်ဘာ(၂၇)ရက်နေ့မှာပဲ JYP Entertainment ရဲ့ တာဝန်ရရှိသူတစ်ဦးက “ကျွန်တော်တို့ရဲ့ မိန်းကလေးအဆိုတော်အဖွဲ့ဖြစ်တဲ့ Miss A ကို ဖျက်သိမ်းလိုက်ပါပြီ..” လို့ ထုတ်ပြန်ပြောကြားလိုက်တာ ဖြစ်ပါတယ်..။

အဖွဲ့ဝင်တွေဖြစ်တဲ့ Jia နဲ့ Min တို့က JYP Entertainment ကနေ အသီးသီး ထွက်ခွာသွားခဲ့ကြတာ ဖြစ်ပါတယ်..။

(၂၀၁၆)ခုနှစ် မေလမှာ Fei က JYP Entertainment နဲ့ စာချုပ်အသစ် ချုပ်ဆိုခဲ့ပြီး Suzy ကလည်း (၂၀၁၇)ခုနှစ် သြဂုတ်လမှာ စာချုပ် ထပ်မံချုပ်ဆိုခဲ့ပါတယ်..။

Miss A အဖွဲ့ကို (၂၀၁၀)ခုနှစ်တုန်းက JYP Entertainment ကနေ ဖွဲ့စည်းခဲ့တာဖြစ်ပြီး Suzy၊ Fei၊ Jia နဲ့ Min အချောအလှ မိန်းကလေး အဖွဲ့ဝင်(၄)ယောက်နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်..။

ဒါပေမယ့် (၆)နှစ်အကြာ (၂၀၁၆)ခုနှစ်မှာ Jai က ကုမ္မဏီမှ ထွက်သွားခဲ့ပြီး Min ကတော့ (၂၀၁၇)ခုနှစ်မှာ စာချုပ်ပြည့်တဲ့ အချိန်မှာ ဆက်မချုပ်ဖို့ ဆုံးဖြတ်ပြီး JYP Entertainment က ထွက်သွားခဲ့တာ ဖြစ်ပါတယ်..။

ယနေ့ ဒီဇင်ဘာ(၂၇)ရက်နေ့မှာတော့ အဖွဲ့ဖျက်သိမ်းလိုက်တဲံအကြောင်းကို တရားဝင်ထုတ်ပြန်ကြေညာလိုက်တာ ဖြစ်ပါတယ်..။

Source - Allkpop

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။