စွဲမက်ဖွယ် ဆလီနာဂိုးမက်ဇ် ရဲ့ ဆက်စီကျကျ ဖက်ရှင်တွေ

ပုရိသတို့အသဲစွဲအဆိုတော်မလေး ဆလီနာဂိုးမက်ဇ် ကတော့ ဟောလိ၀ုဒ်ရဲ့ အောင်မြင်နေတဲ့ ငွေကြယ်ပွင့်တစ်ဦးဖြစ်ပြီး နိုင်ငံတကာမှာ သူမကို ချစ်ခင်အားပေးတဲ့ ပရိသတ်တွေကလည်း ဒုနဲ့ဒေးပါပဲ။

ချစ်စဖွယ်မျက်နှာလေးနဲ့ လိုက်အောင် ဖက်ရှင်ကျကျ နေတတ်တဲ့ ဆလီနာ ကို ပရိသတ်တွေ မမြင်ဖူးသေးတဲ့ ဆက်စီကျကျ ပုံရိပ်လေးတွေကို မျှဝေပေးချင်ပါတယ်။

အချစ်ရေးနဲ့ပတ်သက်ပြီး ပရိသတ်စိတ်ဝင်စားမှုရရှိထားတဲ့ ဆလီနာဟာ လက်တလောမှာတော့ ကမ္ဘာကျော်အဆိုတော် ဂျက်စတင်ဘီဘာနဲ့ ပြန်လည် ချစ်ကြိုးသွယ်နေတာဖြစ်ပါတယ်။

မိဘတွေနဲ့အတိုက်ခံလုပ်ပြီး ဘီဘာ နဲ့ အချစ်ရေး ကို ရှေ့ဆက်တိုးနေတဲ့ သူမကို အချို့ကလည်း ဝေဖန်နေကြသလို အချို့ကျတော့လည်း ဘီဘာနဲ့ သဘောတူနေတာဖြစ်ပါတယ်။

ဆလီနာဟာ ပြီးခဲ့တဲ့လတွေတုန်းက သူငယ်ချင်းဖြစ်သူရဲ့ ကျောက်ကပ်တစ်ခြမ်းနဲ့ အသက်ဆက်နေရသူဖြစ်ပြီး Lupus ရောဂါကြောင့် ဆေကုသမှုခံယူထားတာမကြာသေးပါဘူး။

သူမ နဲ့ ဂျေဘီတို့နှစ်ဦးရဲ့ ဆက်ဆံရေးဟာလည်း (၂၀၁၄)ခုနှစ်အတွင်းမှာ သဘောထားမတိုက်ဆိုင်မှုတွေနဲ့ လမ်းခွဲပြတ်ဆဲခဲ့ပြီး ပြတ်နေတဲ့အတောအတွင်းမှာ 

ဂျေဘီကလည်း ဆော်အလန်းလေးတွေများစွာနဲ့ တွဲခဲ့သလို ဆလီနာကလည်း ဂျေဘီနဲ့ပြန်မတွဲခင်မှာ The Weekend နဲ့ လအနည်းငယ်လောက် တွဲခုတ်ခဲ့ပါသေးတယ်။ 

Pintrest

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။