နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မအေးသောင်းတစ်ယောက် သတို့သမီးဝတ်စုံကို ဝတ်ကာ အလှဓာတ်ပုံတွေရိုက်ကူးခဲ့ပါတယ်။ တကယ့်ကိုညို့ငင်အားကောင်းတဲ့ပုံရိပ်တွေမို့ မြင်တဲ့သူတိုင်း ကြွေဆင်းသွားလောက်မှာ အသေအချာပါပဲ ပရိတ်သတ်ကြီးရေ။ အနုပညာ လောကထဲကို နှင်းဝတ်ရည်သောင်းနဲ့ အေးဝတ်ရည်သောင်းဆိုပြီး ညီမနှစ်ယောက် အတူ တူ ဝင်ရောက်ခဲ့ကြပြီး လက်ရှိမှာတော့ မအေးသောင်းတစ်ယောက်ပဲ အနုလောကထဲမှာ ဆက်လက်လျှောက်လှမ်းနေပြီး အမဖြစ်သူနှင်းဝတ်ရည်သောင်းကတော့ အင်္ဂလန်နိုင်ငံ မှာ အလုပ်လုပ်ပြီး အဆင်ပြေပြေနဲ့ ဘဝကို ဖြတ်သန်းနေတာပဲဖြစ်ပါတယ်။

မအေးသောင်းဟာ အနုပညာလောကထဲကို တကျော့ပြန် ပြန်လည်ဝင်ရောက်လာတဲ့အချိန် မှာတော့ သူမဟာ အသက်သုံးဆယ်ကျော်အရွယ် ရင့်ကျက်တည်ငြိမ်တဲ့ အလှတရား တစ်ခုကိုပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်လို့နေခဲ့ပါပြီ။ သူမကို ယခင်ကတည်း ကရော လက်ရှိရော အားပေးချစ်ခင် တဲ့ ပရိတ်သတ်တွေကလည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတာကိုလည်းတွေ့ရပါတယ်။ မြန်မာဝတ်စုံလေးတွေနဲ့ အမြဲတမ်းကျက်သရေရှိရှိ လှပနေတဲ့ သူမရဲ့ပုံရိပ်တွေက ပရိတ်သတ်တွေကိုအမြဲတမ်း ဆွဲဆောင်နိုင်ခဲ့ပါတယ်။

ဒီနေ့မှာတော့ သူမက အဖြူရောင်သတို့သမီးဂါဝန်ရှည်ဝတ်စုံကို အလှပဆုံးပုံစံနဲ့ ဝတ်ဆင် ထားခဲ့ပြီး ရိုက်ကူးထားတဲ့ပုံရိပ်တွေကို သူမရဲ့ Facebook မှာ တင်ထားတာဖြစ်ပါတယ်။ ဒီလို အလှပဆုံး ပုံရိပ်တွေနဲ့အတူ လရောင် အနမ်းအတွက် အဖမ်းခံပါ့မယ် ထာဝရပါ။ ရူးအောင် ဆွဲငင်လရောင်စင်လည်း မင်းထားသွားလည်းရင်မှာ Hangover . . . ဒီပုံတွေကြည့်ပြီး ဒီစာ သားလေးရွတ်မိတယ်ကွယ် ဆိုပြီး သူမရဲ့အလှပဆုံးပုံရိပ်တွေကို ချပြခဲ့တာပဲဖြစ်ပါတယ်။ ပရိတ်သတ်ကြီးလည်း မအေးသောင်းရဲ့ အလှတွေမှာ မျောဖို့အဆင်သင့်ပဲဆိုရင် သူမရဲ့ အလှပုံရိပ်လေးတွေကို တင်ပေးလိုက်ပြီနော်။

Photo - Kyaw Swar Hla Kyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။