သက်ငယ်မုဒိန်းမှုကြီးလေးသောပြစ်ဒဏ်ပေး ဓါတ်ပုံကမ်ပိန်ပြုလုပ်နေတဲ့မန္တလေးမှာ ကလေးငယ်နှစ်ယောက်ကို မဖွယ်မရာပြုလုပ်မှု ယနေ့ ဖြစ်ပွားခဲ့ပါတယ်။ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၃၄ လမ်း ရှန်တိန်သံလမ်း ဘေးနေရာတွင် တဲချင်းကပ်လျှက်မှာနေထိုင်တဲ့ လှထွေး(ခ)ကျင်ဝှက်၊

အသက်(၄၀)နှစ် (ဘ) ဦးစံမင်း မှတ်ပုံတင်ပျောက်ဆုံး ဆိုသူက ၎င်းနဲ့ကပ်လျှက်နေထိုင်သော ကိုရဲကျော်စွာထွန်း+မဇင်မာဝင်း တို့ရဲ့ သား မောင်စန်းအောင် အသက် ( ၇ ) နှစ် နှင့် သမီးဖြစ်သူ မလင်းလင်းမြိုင် အသက် ( ၄ ) နှစ် တို့ မောင်နှမ နှစ်ဦး ကို မဖွယ်မရာ ပြုလုပ်နေသည်ကို ပတ်ဝန်းကျင်မှ တွေ့၍ ဖမ်းဆီးထိန်းသိမ်း ပြီးသက်ဆိုင်ရာ ရဲစခန်း ကို အပ်နှံခဲ့ပါတယ်။

ဘူတာရဲစခန်းမှ ရဲအုပ် ကိုစိုးဦး က (ပ)၅၃/၂၀၁၆ - ၃၇၆/၃၇၇ ဖြင့်လက်ခံကာအမှုဖွင့်ထားကြောင်း သိရပါတယ်။ မောင်နှမနှစ်ယောက်အား ထိုကဲ့သို့ မဖွယ်မရာ ပြုလုပ်နေသည် ကို မြင်တွေ့သူတွေက ဗီဒီယိုရိုက်ကူးထားခဲ့ပြီး ရဲစခန်းကို တိုင်ကြားခဲ့ခြင်းလည်းဖြစ်ပါတယ်။ သို့သော်လည်း ထိုဗီဒီယိုထဲတွင် ကလေးနှစ်ယောက်အားထိုသူမှ အတင်းအကျပ်စေခိုင်းခြင်းမျိုးမတွေ့ခဲ့ရတဲ့အပြင် မသိနားမလည်တဲ့ ကလေးနှစ်ယောက်ကို လူလည်နည်း နှင့်ချော့မော့ကာ ပြောထားသည့်ပုံလည်းပေါ်နေပါတယ်။

သတင်းအရင်းမြစ် ဗီဒီယိုကြည့်ရန် ဒီနေရာကို နှိပ်ပါ။

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။