လီဗာပူလ်အသင်းဟာ ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ ခံစစ်ကို စတင်ဖြည့်စီးလိုက်ပြီလည်းဖြစ်ပါတယ်။ဆောက်သမ်တန်အသင်းရဲ့နောက်တန်းကစားသမား ဗန်ဒိုက်ကို ခေါ်ယူနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ဗန်ဒိုက်ကို ခေါ်ယူဖို့အတွက် လီဗာပူလ်းအသင်းဟာ ပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်း အသုံးပြုခဲ့ရတာလည်းဖြစ်ပါတယ်။လီဗာပူလ်းအသင်းမှာ ကျော်နံပါတ် ၄ ကို ဝတ်ဆင်ကစားသွားမှာလည်းဖြစ်ပါတယ်။

မန်စီးတီးအသင်းထံ ပေါင်သန်း ၇၀ နဲ့ ဗန်ဒိုက် ဟာ ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေကျယ်လောင်စွာထွက်ပေါ်ခဲ့ပြီးမှ အံ့အားသင့်ဖွယ် လီဗာပူလ်းအသင်းကိုရောက်ရှိလာခဲ့တာလည်းဖြစ်ပါတယ်။လီဗာပူလ်အသင်းဟာ ဗန်ဒိုက်ကိုခေါ်ယူဖို့ ကာလကြာရှည် စိတ်ဝင်စားနေတာလည်းဖြစ်ပါတယ်။ယခုနှစ်ရာသီအစကတည်းကခေါ်ယူဖို့ ချဉ်းကပ်မှုတွေပြုလုပ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိမှာတော့ အန်ဖီးလ် ကွင်းဆီကို အရောက်ခေါ်ဆောင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ကစားသမား ဟာ ဇန်နဝါရီ ၁ ရက် ၂၀၁၈ ခုနှစ်မှာ လီဗာပူလ်းအသင်းနဲ့ စတင်ပူးပေါင်းသွားမှာလည်းဖြစ်ပါတယ်။လီဗာပူလ်းအသင်းရဲ့ ခံစစ်ပြသာနာကို စိုးရိမ်နေတဲ့ လီဗာပူလ်းပရိသတ်တွေအတွက်ကတော့ သတင်းကောင်းတစ်ခုဖြစ်မှာ အသေအချာပါပဲ။ဗန်ဒိုက်ဟာ အသက် ၂၆ နှစ်သာရှိနေသေးတာလည်းဖြစ်ပါတယ်။လီဗာပူလ်းအသင်းရဲ့ ယိုယွင်းနေတဲ့ ခံစစ်ကို အကောင်းဆုံး ဖာထေးပေးသွားနိုင်မှာလားဆိုတာတော့ စောင့်ကြည့်သွားရမယ်ဗျာ။

source - liverpool fc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။