မြန်မာပြည်အထက်ပိုင်းစစ်ကိုင်းတိုင်းဒေသသား

တို့ဟာဘောလုံးအားကစားကိုအရူးအမူးစွဲလန်း

ရူးသွပ်ကြသူတွေပါ။တိုင်းနဲ့ပြည်နယ်ဘောလုံးပွဲတွေ

မှာလည်းစစ်ကိုင်းသားတို့နှစ်တိုင်းလိုလိုခြေစွမ်း

ပြနိုင်ခဲ့ပါတယ်။MNLထီကနဲစဖွင့်ကတည်းက

စစ်ကိုင်းသားတို့ကိုယ်စားပြုတဲ့ဇေယျာရွှေမြေအသင်း

ပေါ်ပေါက်လာခဲ့ပါတယ်။အားပေးလိုက်ကြတာ

အုံးအုံးကြွပ်ကြွပ်ပေါ့။ဒါပေမယ့်ကံမကောင်းစွာပဲ

ဇေယျာရွှေမြေအသင်းဟာဖျက်သိမ်းသွားခဲ့ပါတယ်။

စစ်ကိုင်းသားတို့ကိုယ်စားပြုမယ့်အသင်းတစ်သင်း

မကြာခင်မှာပဲပေါ်ထွက်လာခဲ့ပါတယ်။ပြောပြီးပါပြီကော။

စစ်ကိုင်းသားတို့ဘောလုံးကိုဘယ်လောက်ရူးသွပ်တယ်ဆိုတာ။

နောက်နှစ်ဘောလုံးရာသီမှာစစ်ကိုင်းတိုင်းကိုယ်စားပြုအဖြစ်

MNL-1မှာကနိမယ့်အသင်းနာမည်ကစစ်ကိုင်းယူနိုက်တက်တဲ့။အသင်းလိုဂိုမှာစစ်ကိုင်းတံတားကြီးနဲ့။အသင်းပိုင်ရှင်က

ကန့်ဘလူသားဇာတ်မင်းသားကိုဖိုးချစ်တဲ့။နည်းပြက

ဇေယျာရွှေမြေအသင်းသားဟောင်းဇော်လင်းထွန်း(2)တဲ့။

ဘယ်လောက်ပနံရလိုက်သလဲ။

မနေ့က စစ်ကိုင်းယူနိုက်တက် ဘောလုံးအသင်းကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် ပြည်သူများထံသို့ အပ်နှံပွဲအခမ်းအနားကို မုံရွာမြို့ မြို့တော်ခန်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။စစ်ကိုင်းယူနိုက်တက်ဟာ

မဟာယူနိုက်တက်ဆိုတဲ့နာမည်ကိုအမည်ပြောင်းထား

တာဖြစ်ပြီးမုံရွာမြို့မုံရွာကွင်းကိုအိမ်ကွင်းအဖြစ်

အသုံးပြုမှာပါ။စစ်ကိုင်းယူနိုက်တက်ဟာအဖွင့်ပွဲအဖြစ် ၂၀၁၈ခုနှစ် ဇန်နဝါရီ ၉ ရက်(သို့) ၁၁ ရက်နေ့တွင် ရခိုင်ယူနိုက်တက်နှင့် မုံရွာကွင်းမှာစတင်ယှဉ်ပြိုင် ကစားသွား

မယ်လို့သိရပါတယ်။ ယင်းပွဲစဉ်မတိုင်ခင်အသင်းအိမ်ကွင်းဖွင့်လှစ်ပွဲနှင့် ပရိသတ်ထံမိတ်ဆက်အပ်နှံပွဲအခမ်းအနားကို ဖျော်ဖြေရေးအစီအစဉ်များနှင့်အတူစည်စည်ကားကား

ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။စစ်ကိုင်းယူနိုက်တက်

လာပါပြီနော်..

Source-SGUTD

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။