မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ ကိုပါအီတလီယာဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ အေစီမီလန်အသင်းဟာ အင်တာမီလန်အသင်းကို ၁ ဂိုး ဂိုးမရှိ နဲ့ အနိုင်ရယူခဲ့တာလည်းဖြစ်ပါတယ်။မိနစ် ၉၀ ပြည့်လို့ ဂိုးမရှိသရေကျခဲ့တာကြောင့် အချိန်ပိုဆက်ကန်ခဲ့တာလည်းဖြစ်ပါတယ်။အချိန်ပိုမှာ သွင်းယူခဲ့တဲ့ တစ်လုံးတည်းသောဂိုးနဲ့ အေစီမီလန်အသင်း ကိုပါအီတလီယာဖလား ဆီမီးဖိုင်နယ်အဆင့် ကို တတ်ရောက်သွားပြီလည်းဖြစ်ပါတယ်။နည်းပြ ဂတ်တူဆို ရဲ့ သုံးပွဲမြောက် အနိုင်ရှိတာလည်းဖြစ်ပါတယ်။

အေစီမီလန်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဘိုနာဗန်ကျူရာ၊ ကလီနစ် ၊ လိုကာတယ်လီ၊ ဆူဆို၊ ဘီဂလီယာ ၊ ကတ်ဆီရီ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။အင်တာမီလန်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ အီကာဒီ၊ ပီရီဆစ်၊ မာရီယို၊ ကန်ဒရီဗာ၊ ဂါဂလီရာဒီနီ ၊ ဗီဆီနို တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။မီလန်ဒါဘီ တွေ့ဆုံနေခဲ့တာကြောင့် နှစ်သင်းလုံးဟာ ကစားသမားအစုံအလင်ပွဲထုတ်ပြီး ယှဉ်ပြိုင်ကစားခဲ့ကြတာလည်းဖြစ်ပါတယ်။ 

မိနစ် ၉၀ ပြီးဆုံးတဲ့ အချိန်ထိ နှစ်သင်းလုံးဟာ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ဒါ့ကြောင့် အချိန်ပို ဆက်လက်ကစားခဲ့ရာ လူစားဝင်ကစားသမား ကူထရိုနီ ရဲ့ သွင်းဂိုးနဲ့ အေစီမီလန်အသင်း နိုင်ပွဲရရှိခဲ့တာလည်းဖြစ်ပါတယ်။အင်တာမီလန်အသင်းကတော့ ကွာတားဖိုင်နယ်အဆင့် ကနေ လက်ပြနူတ်ဆက်ခဲ့ရတာလည်းဖြစ်ပါတယ်။အေစီမီလန်အသင်းကတော့ ဆီမီးဖိုင်နယ်မှာ လာဇီယိုအသင်းနဲ့ တွေ့ဆုံရမှာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။