မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းတွေဟာရာသီကြို

ခြေစမ်းပွဲတွေကိုအပြိုင်အဆိုင်ခြေစမ်းနေကြပါတယ်။

အသင်းရဲ့ကစားသမားအသစ်တွေနဲ့လူဟောင်းတွေ

ပေါင်းစပ်ပြီးကစားကွက်နဲ့အံဝင်မဝင်စမ်းသပ်တဲ့ပွဲတွေ

ဖြစ်တာကြောင့်နည်းဗျူဟာမြိုင်မြိုင်ဆိုင်ဆိုင်နဲ့အလွန်

ကြည့်ကောင်းတဲ့ပွဲတွေပါ။မနေ့ပမြန်မာနေရှင်နယ်လိဂ်

အသင်းတွေတော်တော်များများခြေစမ်းပွဲတွေကစား

ကြတာတွေ့ရပါတယ်။တစ်ခုသောခြေစမ်းပွဲတစ်ခုမှာတော့

ဆောက်သမ်းကရှမ်းကိုအနိုင်ယူနိုင်ခဲ့ပါတယ်။

အာရှချန်ပီယံလိဂ်ခြေစစ်ပွဲရှိနေတဲ့လက်ရှိချန်ပီယံ

ရှမ်းကိုအနိုင်ယူခဲ့တဲ့ဆောက်သမ်းကတော့အံသြစရာပါ။

ရှမ်းယူနိုက်မှာခရစ္စတိုဖာကလွဲရင်အသစ်ခေါ်ယူထားတဲ့

ကင်မရွန်းသားတိုက်စစ်မှူးအာချာ၊တောင်ကိုရီးယား

ကွင်းလယ်လူလီဟန်ကွတ်တို့နဲ့အတူကစားသမား

အစုံအလက်ပါဝင်လာခဲ့ပါတယ်။ဆောက်သမ်းအသင်းမှာတော့

အသစ်ခေါ်ယူဖို့ခြေစွမ်းစမ်းသပ်နေတဲ့နိုင်ငံခြားကစား

သမားတွေအပါအဝင်ဒီနှစ်ဘောလုံးရာသီမှာအားဖြည့်ထား

တဲ့ပြည်တွင်းကစားသမားတွေပါဝင်လာခဲ့ပါတယ်။

ဆောက်သမ်းဟာရှမ်းအသင်းကိုလေးဂိုးနှစ်ဂိုးနဲ့

အနိုင်ယူခဲ့တယ်လို့သိရပါတယ်။ဆောက်သမ်းအတွက်

ဂိုးတွေကိုဒီမစ်ထရီ၊ရဲထက်အောင်၊သက်ပိုင်စိုး၊

သန်းဇော်မျိုးတို့ကသွင်းယူခဲ့ပါတယ်။ရှမိးအတွက်

ချေပဂိုးနှစ်ဂိုးကိုတော့နေလင်းထွန်းကပယ်နယ်တီကနေတစ်ဆင့်၊ရွှေကိုကပွဲပြီးခါနီးမှာပြန်လည်သွင်းယူခဲ့တယ်လို့သိရပါတယ်။

ဆောက်သမ်းအသင်းကိုရှုံးတာဟာရှမ်းအတွက်အချက်ပေး

ခေါင်းလောင်းသံဖြစ်ခဲ့ပြီးဆောက်သမ်းကတော့လာမယ့်

ဘောလုံးရာသီမှာစောင့်ကြည့်ရမယ့်အသင်းတစ်သင်း

ဖြစ်လာခဲ့ပါတယ်။

Source-KBZ MNL Women League


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။