မန်စီးတီးအသင်းရဲ့ နည်းပြ ဂွာဒီယိုလာ ကတော့ ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ နောက်တန်းကိုပဲ အဓိကထားပြီး ပြင်ဆင်မှုတွေပြုလုပ်သွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။လက်ရှိမှာ ခေါ်ယူဖို့ ကစားသမားငါးယောက်ကို ပစ်မှတ်ထားနေတာလည်းဖြစ်ပါတယ်။လက်ရှိအသင်းရဲ့ ခံစစ်ကစားသမားတွေ ဒဏ်ရာပြသာနာတွေ ကြုံလာခဲ့ရင် အရန်သင့်အစားထိုးဖို့ နောက်တန်းကစားသမားတွေရှာဖွေနေတာလည်းဖြစ်ပါတယ်။ ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းကတော့ ဖလားလမ်းကြောင်းတွေပေါ်မှာ ရှိနေတဲ့အတွက် အခုလိုပြင်ဆင်မှု တွေ လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။ 

ဂွာဒီယိုလာခေါ်ယူဖို့ စာရင်းပြုစုထားတဲ့ နောက်တန်းကစားသမားငါးယောက်ကတော့ ဘာထရန်၊ ဂျွန်နီအီဗန့် ၊ မာတီနက်၊ အာရွန်မာတင်၊ ဖိလစ်မက် တို့ပဲဖြစ်ပါတယ်။

ဘာထရန် (ဆောက်သမ်တန်)

ချဲလ်ဆီးအသင်းကနေထွက်ခွာခဲ့ပြီးနောက် ဆောက်သမ်တန်အသင်းမှာ ခြေစွမ်းပြကစားနေတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

ဂျွန်နီအီဗန့် (ဝက်ဘရွန်း)

မန်ယူအသင်းကနေထွက်ခွာခဲ့ပြီးနောက် ဝက်ဘရွန်းအသင်းကို ဦးဆောင်ကစားနေတဲ့ နောက်တန်းကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျွန်နီအီဗန့် ကို မန်စီးတီးအသင်းက ခေါ်ယူဖို့ ပိုမို ကြိုးစားနေတာလည်းဖြစ်ပါတယ်။

မာတီနက် (ဆိုစီဒက် )

အသက် ၂၆ နှစ်ရှိပြီ ဖြစ်တဲ့ မာတီနက်ကိုတော့ ဂွာဒီယိုလာက ဒဏ်ရာရရှိသွားတဲ့ ကွန်ပနီနေရာကို အစားထိုးဖို့ အံ့အားသင့်ဖွယ်ပစ်မှတ်ထားလာတာလည်းဖြစ်ပါတယ်။

ဖိလစ်မက် (အော့ဘတ်)

အော့ဘတ်အသင်းရဲ့ ဘယ်နောက်ခံကစားသမားတစ်ဦးဖြစ်သူ ဖိလစ်မက် ကို လည်း ဂွာဒီယိုလာက ခေါ်ယူမယ့် စာရင်းထဲမှာ ထည့်ထားတာလည်းဖြစ်ပါတယ်။

အာရွန်မာတင် (အက်စပန်ညို)

ဂွာဒီယိုလာ ဟာ အက်စပန်ညိုအသင်းရဲ့ လူငယ်နောက်တန်းကစားသမား အာရွန်မာတင်ကို ပါ ခေါ်ယူဖို့ မျက်စိကျနေတာလည်းဖြစ်ပါတယ်။အာရွန်မာတင်ဟာ အသက် ၂၀ သာရှိသေးတာလည်းဖြစ်ပါတယ်။ 

source - daily mail sport

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။