လီဗာပူလ်အသင်းဟာ ဆောက်သမ်တန်နောက်ခံကစားသမား ဗန်ဒိုက် ကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်းနဲ့ ခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။ကလပ်စံချိန်တင် တောင် မဟုတ်ပဲ နောက်တန်းကစားသမားတစ်ယောက်အတွက် စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။ဒါ့ကြောင့် sportsmail က ပြောင်းရွှေ့ကြေးအများဆုံး အသုံးပြုထားရတဲ့ နောက်တန်းကစားသမား ၁၀ ဦးကို ထုတ်ပြန်ထားခဲ့ပါတယ်။

၁. ဗန်ဒိုက် (ပေါင် ၇၅ သန်း)

ဆောက်သမ်တန်အသင်းမှ လီဗာပူလ်းအသင်းကို ပြောင်းရွှေ့လာခဲ့တာလည်းဖြစ်ပါတယ်။

၂. ဝေါ်ကာ (ပေါင် ၅၄ သန်း)

စပါးအသင်းကနေ မန်စီးတီးအသင်းက ယခုနှစ်ရာသီအစမှာ ခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။

၃. မန်ဒီ (ပေါင် ၅၂ သန်း)

မိုနာကိုအသင်းကနေ ယခုနှစ်ရာသီအစမှာ မန်စီးတီးအသင်းကို ရောက်ရှိလာတဲ့ ကစားသမားပဲဖြစ်ပါတယ်။

၄. ဒေးဗစ်လူးဝစ် (ပေါင် သန်း ၅၀)

၂၀၁၄ ခုနှစ်က ချဲလ်ဆီးအသင်းကနေ PSG အသင်း ခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။

၅. ဂျွန်စတုန်း (ပေါင် ၄၇.၅ သန်း)

အဲဗာတန်အသင်းကနေ မန်စီးတီးအသင်းကို ပြောင်းရွှေ့လာခဲ့တာလည်းဖြစ်ပါတယ်။ 

၆. ဘိုနူချီ (ပေါင် ၃၅ .၂ သန်း)

ဂျူဗင်တပ်အသင်းကနေ အေစီမီလန်အသင်း ယခုနှစ်ရာသီအစက ခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။

၇. မူစတာဖီ (ပေါင် ၃၅ သန်း)

၂၀၁၆ ခုနှစ်က ဗလင်စီယာအသင်းကနေ အာဆင်နယ်အသင်ခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။

၈ . ဒေးဗစ်လူးဝစ် (ပေါင် ၃၄ သန်း)

ချဲလ်ဆီးအသင်းဟာ သူတို့ရဲ့ ကစားသမားဟောင်း ဒေးဗစ်လူးဝစ်ကို PSG အသင်းကနေ ပြန်လည် ခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။

၉. သီယာဂိုဆေးဗာလ်း (ပေါင် ၃၃ သန်း)

၂၀၁၂ ခုနှစ်တုန်းက အေစီမီလန်မှာ ကစားနေတဲ့ သီယာဂိုဆေးဗာလ်း ကို PSG အသင်းကခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။

၁၀. မန်ဂါလာ (ပေါင် ၃၂ သန်း)

ပေါ်တိုအသင်းမှာ တည်ငြိမ်တဲ့ ခြေစွမ်းပြသနေတဲ့ မန်ဂါလာကို မန်စီးတီးအသင်းက ခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။ 

source - daily mail sport

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။