လီဗာပူလ်းအသင်းဟာ ဆောက်သမ်တန်အသင်းကနေ ခေါ်ယူခဲ့တဲ့ ကစားသမားဟာ ၆ ယောက်ထိရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။ဗန်ဒိုက်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်းနဲ့ ခေါ်ယူခဲ့တာဟာ ၆ ယောက်မြောက် ခေါ်ယူနိုင်မှုလည်းဖြစ်ပါတယ်။ဆောက်သမ်တန်းအသင်းရဲ့ ကစားသမား ၆ ယောက်ကို ခေါ်ယူဖို့အတွက် ပေါင် ၁၆၆.၅ သန်း ထိသုံးစွဲခဲ့ရတာလည်းဖြစ်ပါတယ်။တစ်ချို့ကစားသမားတွေဟာ အသင်းအတွက် မှန်ကန်တဲ့ ခေါ်ယူမှုဖြစ်လာပေမဲ့ တစ်ချို့ကစားသမားတွေကတော့ ခြေစွမ်းပြသနိုင်ခဲ့ခြင်းမရှိတာလည်းဖြစ်ပါတယ်။ 

လီဗာပူလ်းအသင်းခေါ်ယူခဲ့တဲ့ ဆောက်သမ်တန် ကစားသမားတွေကတော့

ရစ်ကီလမ်းဘတ် (တိုက်စစ်)

ရစ်ကီလမ်းဘတ်ကို ၂၀၁၄ ခုနှစ်က ပေါင် ၄ သန်းနဲ့ ခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။ဆွာရက်အသင်းကနေ ထွက်ခွာတဲ့အချိန်မှာ တိုက်စစ်အတွက် အင်အားဖြည့်တင်းခဲ့ပေမဲ့ ခြေစွမ်းပြသနိုင်ခဲ့ခြင်းမရှိတာလည်းဖြစ်ပါတယ်။

လယ်လာနာ (တောင်ပံတိုက်စစ်)

၂၀၁၄ ခုနှစ်က ခေါ်ယူခဲ့တဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။လယ်လာနာကို ခေါ်ယူဖို့အတွက် ပေါင် ၂၅ သန်းအသုံးပြုခဲ့ရတာလည်းဖြစ်ပါတယ်။စတင်ခေါ်ယူခဲ့စဉ်က ဝေဖန်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပေမဲ့ ဂျာဂင်ကလော့ ရောက်ရှိလာချိန် မှာ ထွန်းတောက်တဲ့ ကစားသမားတစ်ဦးဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။ 

လိုဗရမ် (နောက်တန်း)

၂၀၁၄ ခုနှစ်က ဆောက်သမ်တန်အသင်းမှာ အကောင်းဆုံးဖြတ်ထုတ်ကစားပုံတွေကြောင့် လီဗာပူလ်းအသင်းခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။လီဗာပူလ်းအသင်းက လိုဗရန် အတွက် ပေါင်သန်း ၂၀ အသုံးပြုခဲ့ရတာလည်းဖြစ်ပါတယ်။သို့သော် အသင်းမှာ ထင်သလောက် မဖြစ်ခဲ့တဲ့ ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။

ကလိုင်း (နောက်တန်း)

၂၀၁၅ ခုနှစ်က ခေါ်ယူခဲ့တဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။အသင်းမှာ အံဝင်ခွင်ကျ ကစားနိုင်တဲ့ ကစားသမားတစ်ဦးဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။ကလိုင်းအတွက် ပေးခဲ့ရတဲ့ ပြောင်းရွှေ့ကြေးကတော့ ပေါင် ၁၂.၅ သန်း ဖြစ်ပါတယ်။

မာနေး (တိုက်စစ်)

လီဗာပူလ်းအသင်းအတွက် အကောင်းဆုံးခေါ်ယူမှုတစ်ခု ဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။အသင်းမှာ အရေးပါတဲ့ သွင်းဂိုးတွေ သွင်းယူပေးနိုင်တဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ပေါင် သန်း ၃၀ ပေးခဲ့ရတဲ့ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

source - daily mail sport

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။