ယီမင်နို်င်ငံမှ မုဒိမ်းမှုကျူးလွန်သူကို ဘဟ်လိုအပြစ်ပေးသလဲ

တစ်နေ့ တစ်နေ့ ကြားနေရတဲ့ မုဒိမ်းမှုတွေက ဒုနဲ့ဒေးပါ။ သုံးရက်ကို တစ်မှုနှုန်း ဆယ်လအတွင်း မုဒိမ်းမှုပေါင်း ၇၀၀ ကျော်ဆိုတာ မကြားဝံ့စရာပါ။ ခေတ်ကြီးဟာ ပြောင်းလဲလာတာနဲ့အမျှ လူတွေလည်း ပျက်စီးယိုယွင်းလာကြပါတယ်။ ဖုန်းထဲက မတော်တရော်တွေကြည့်ပြီး ကလေးချင်းချင်း မုဒိမ်းကျင့်လို့ကျင့် ဖခင်က သမီးကို မုဒိမ်းကျင့်လို့ကျင့်နဲ့ နားနဲ့မဆံ့အောင် ကြားနေရတာ သက်ငယ်မုဒိမ်းမှုတွေပါ။ ဒီ သက်ငယ် မုဒိမ်းမှုနဲ့ ပတ်သတ်ပြီး "ဘယ်လို ထိထိရောက်ရောက် အရေးယူမှာလည်း" "ကလေးငယ်တွေကို ဘယ်လိုကာကွယ်စောင့်ရှောက်မလည်း" ဆိုတာ မေးသင့်တဲ့ မေးခွန်းပါ။ အများပြည်သူအနေနဲ့ သက်ငယ်မုဒိမ်းမှုဟာ သေဒဏ်နှင့်သာ ထိုက်တန်ကြောင်း တခဲနက်အဆိုပြုနေကြပြီး လွှတ်တော်သို့ တင်သွင်းထားတယ်လို့လည်း သိရပါတယ်……

စစ်တမ်းများအရ သက်ငယ်မုဒိမ်းမှုဟာ တစ်ရက် တစ်မှုနှုန်းခန့်ဖြစ်ပွားနေပြီး မူကြိုအရွယ် ၄ နှစ်ကလေးများပင် ပါဝင်နေကြောင်း သိရပါတယ်။ ကလေးတွေကို မုဒိမ်းကျင့်ပြီး လူမဆန်တဲ့ သတ်ဖြတ်မှုတွေလည်း ရှိနေပါတယ်။ ကိုယ့်နိုင်ငံမှာ မုဒိမ်းမှုအတွက် သေဒဏ်ပေးဖို့ အခုမှ အဆိုတင်သွင်းနေပေမဲ့ တခြားနိုင်ငံတွေမှာတော့ သက်ငယ်မုဒိမ်းကို နပြင်းပြင်းထန်ထန်သေဒဏ်ပေးတယ်လို့ သိရပါတယ်။

ဘာသာရေးအယူပြင်းထန်တဲ့ ယီမင် နိုင်ငံမျိုးမှာ မုဒိမ်းမှုမြောက်ကြောင်း ပေါ်လွင်တယ်ဆိုရင် ကျူးလွန်သူကို မဆိုင်းမတွ သေဒဏ်ပေးပါတယ်။ ကျူးလွန်းသူကို ထောင်သားတွေအားလုံးရှေ့မှာပဲ သေနတ်နဲ့ပစ်ပြီး သေဒဏ်စီရင်စေပါတယ်။ ဒါဟာ ငါတို့နိုင်ငံဟာ တခြားအမှုကိုသာ ခွင့်လွှတ်နိုင်မယ် မုဒိမ်းမှုဆို သေဒဏ်ပဲ ဆိုပြီး သတိပေးတဲ့ သဘောလည်း ဖြစ်ပါတယ်။ ဘယ်လိုမျိုးသေဒဏ်ပေးလည်းဆိုတာကိုတော့ အောက်ပါပုံမှာ ကြည့်ရှုနိုင်ပါတယ်။

Source: Facebook

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။