သမီးလေးရဲ့ နောက်ဆုံးခရီး
ဒဏ်ရာတွေအများအပြားနဲ့ အသတ်ခံခဲ့ရပြီး ဟံသာဝတီဘူတာနဲ့ လှည်းတန်းဘူတာကြားမှာ အလောင်းကိုစွန့်ပစ်ခံထားရတဲ့ အသက် ၁ဝနှစ်အရွယ် မဝင်းဝင်းအေးရဲ့ ရုပ်အလောင်းကို နိုဝင်ဘာ ၂၆ရက်နေ့က ထိန်ပင်သုဿန်မှာ သင်္ဂြိုဟ်ခဲ့ပါတယ်။ လှည်းတန်းမီးပွိုင့်မှာ ပန်းရောင်းတဲ့ ဒီကလေးငယ်ကို သတ်ဖြတ်သူလို့ သံသယရှိသူ အသက် ၂၉နှစ်အရွယ် ကျော်အောင် (ခ) ကျော်ကြီး(ခ) ပြာဂလောင်ကို ဖမ်းဆီးထားမိပြီလို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ ကလေးငယ်ကို အဓမ္မကျင့်ပြီးမှ သတ်တာလို့ သတင်းတွေထွက်နေပေမယ့် ရဲတပ်ဖွဲ့ကတော့ စစ်ဆေးနေဆဲလို့ ဆိုပါတယ်။
Source: Kamayut Media
Go Goe
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။