ပြီးခဲ့တဲ့ဘောလုံးရာသီမှာပုံစံကောင်းတွေပြသနိုင်ခဲ့တဲ့

ရခိုင်ယူနိုက်တက်အသင်းဟာနောက်နှစ်ဘောလုံးရာသီ

အတွက်ကြိုတင်ပြင်ဆင်မှုတွေလုပ်နေပါပြီ။နိုင်ငံခြားသား

ကစားသမားခေါ်ယူမှုအဖြစ်ပြီးခဲ့တဲ့နှစ်ကအသင်းမှာ

ခြေစွမ်းပြနိုင်ခဲ့တဲ့ဆန်းဒေးမက်သရူးကိုသက်တမ်း

တိုးစာချုပ်ချုပ်ဆိုသွားမယ်လို့သိရပါတယ်။ရခိုင်

ယူနိုက်တက်နဲ့လမိုင်းကပ်တဲ့ဆန်းဒေးဟာနောက်နှစ်ဘော

လုံးရာသီမှာရခိုင်အသင်းမှာရှိနေဖို့သေချာသလောက်

ရှိနေပါပြီ။

ရခိုင်အသင်းဟာလက်ရှိမှာနိုင်ငံခြားသားကစားသမားတွေခေါ်ယူဖို့ဆုံးဖြတ်ချက်ကိုဒီဇင်ဘာသုံးဆယ်ရက်မတိုင်ခင်

ချမှတ်သွားမယ်လို့သိရပါတယ်။နိုင်ငံခြားသား

ကစားသမားတွေအပြင်ပြည်တွင်းကစားသမား

တွေကိုလည်းအားဖြည့်သွားမယ်လို့ရခိုင်နည်းပြချုပ်

ဦးစိုးသိန်းကပြောပါတယ်။ရခိုင်အသင်းအနေနဲ့

အားဖြည့်မှုတွေပြုလုပ်နေတာကြောင့်မနှစ်ကထက်

တာင့်တင်းလာဖို့များနေပါပြီ။ဦးစိုးသိန်းကရခိုင်

အသင်းရဲ့ရာသီကြိုပြင်ဆင်မှုတွေကိုအခုလိုပြောပြပါတယ်။

ဦးစိုးသိန်​းက" ပြီးခဲ့တဲ့ ​ဘောလုံးရာသီက အသင်​းမှာပြုခဲ့

တဲ့ နိုင်​ဂျီးရီးယား တိုက်​စစ်​မ​​ှုး ဆန်​း​ဒေးမက်​သရှုးကို ပြန်​

လည်​ ​ခေါ်ယူနိုင်​ဖို့အတွက်​ သ​ဘောတူည​ီမှု ရရှိသွားပါ

ပြီ ရက်​ပိုင်​းအတွင်​း စာချုပ်​ချုပ်​ဆိုသွားမှာပါ ရာသီသစ်​

အတွက်​ ပြည်​တွင်​းကစားသမား (၃) ​ဦး​ခေါ်ယူဖို့ စီစဉ်​

ထားပါတယ်​ ကစားသမားသစ်​​တွေ ​ခေါ်ယူဖို့အတွက်​

ဒီဇင်​ဘာ (၃၀) ရက်​မှာ အပြီးသတ်​​ခေါ်ယူနိုင်​ဖို့ စီစဉ်​

ထားပါတယ်​" ဟု ​ပြောကြားခဲ့ပါတယ်။

Source-Rakhine UTD

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။