မန်ချက်စတာယူနိုက်တက်အသင်းဟာ ယမန်နေ့ညက ၀က်စ်ဟမ်းနဲ့ ကစားပွဲအပြီးမှာတော့ အိမ်ကွင်းနောက်ဆုံး ၄ပွဲဆက် သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ဒါဟာ ၁၉၉၀ ခုနှစ်နောက်ပိုင်းအိမ်ကွင်း ၄ပွဲဆက် သရေလဒ်ထွက်ပေါ်ခဲ့ခြင်းလည်းဖြစ်ခဲ့ပါတယ်။

ဒီပွဲသရေကျခြင်းကြောင့် မန်ယူအသင်းဟာ သရေ၅ပွဲရရှိနေပြီဖြစ်ခဲ့ပါတယ်။အာဆင်နယ်၊ ဘန်လေ၊ စတုတ်နဲ့ ယခုဝက်စ်ဟမ်းပွဲအပါအဝင် အိမ်ကွင်း ၄ပွဲသရေကျခဲ့ပြီး လီဗာပူးနှင့်တပွဲမှာသာ အဝေးကွင်း ၁ပွဲသရေကျထားခြင်းဖြစ်ပါတယ်။

၀က်စ်ဟမ်းအသင်းဟာ အဖွင့်ဂိုးကို ပွဲချိန် ၁မိနစ်ကျော်အတွင်းမှာပဲ နေဆာကိုက သွင်းယူခဲ့ပြီး မန်ယူအသင်းအတွက် ချေပဂိုးကိုတော့ အင်ဗရာမိုဗစ်က ပွဲချိန် ၂၁ မိနစ်မှာ ခေါင်းတိုက်သွင်းယူခဲ့တာပဲဖြစ်ပါတယ်။ ဒီပွဲမှာ မော်ရင်ဟိုဟာ ဒိုင်လူကြီးကို ဒေါသတကြီးပေါက်ကွဲခဲ့တာကြောင့် ပထမပိုင်းမှာပဲ ကွင်းထဲက ထုတ်ခံခဲ့ရပါတယ်။ ယခုပွဲ သရေကျခြင်းကြောင့် မန်ယူအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၃အပြီးမှာ ဇယားထိပ်က ချဲလ်ဆီးအသင်းနဲ့ ၁၁မှတ်ကွာဟနေပြီး မန်ယူအသင်းနည်းပြ မော်ရင်ဟိုမှာလည်း ဖိအားများနဲ့ ရင်ဆိုင်နေရသလို အသင်းအတွက်အပြောင်းအလဲများစွာလည်း လိုအပ်နေပါတယ်။

photo - theguardien

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။