ကျော်ကိုကိုရဲ့အသင်းသစ်ချင်ရိုင်းယူနိုက်တက်ဆိုတာ

ထိုင်းပရီးမီးယားလိဂ်ရဲ့အင်အားကြီးအသင်းတစ်သင်းပါ။

2009ခုနှစ်မှာမှစတင်တည်ထောင်ခဲ့ပေမယ့်ငွေကြေး

အင်အားအလွန်တောင့်တင်းတာကြောင့်အခုအချိန်မှာတော့

ထိုင်းဘောလုံးလောကရဲ့ထိပ်သီးအသင်းကြီးဖြစ်နေပါပြီ။

လက်ရှိထိုင်းဘောလုံးလောကရဲ့အမြင့်မားဆုံးပြောင်းရွှေ့ကြေး

ဖြစ်တဲ့ဘတ်သန်း(50)တန်အပြောင်းအရွှေ့ဖြစ်တဲ့ထိုင်းလက်ရွေးစင်ကွင်းလယ်လူသာနာဘွန်းကိုလည်း2017ခုနှစ်ကခေါ်ယူ

ထားပါတယ်။ပြောင်းရွှေ့ကြေးမြင့်မားတဲ့

နိုင်ငံခြားသားပလေယာတွေဖြစ်တဲ့ဗန်ဒါလူးဝစ်ဖိလစ်ပီ၊ဟင်းနရစ်ဆေးဗားစတဲ့ကစားသမားတွေကိုလည်းခေါ်ယူမှု

တွေပြုလုပ်ထားပါတယ်။

ဒီနှစ်ဘောလုံးရာသီမှာနိုင်ငံခြားသားကစားသမား

တွေကိုအပြောင်းအလဲပြုလုပ်ထားပါတယ်။

အရင်နှစ်ကတိုက်စစ်မှူးတွေအားလုံးကိုထွက်ခွာခွင့်ပြုခဲ့တယ်လို့သတင်းထွက်နေပြီးအသစ်ခေါ်ယူထားတဲ့

နိုင်ငံခြားတိုက်စစ်မှူးတွေဖြစ်တဲ့ကျော်ကိုကိုနဲ့ဆယ်တန်ဆေးဗားတို့လောက်ပဲရှေ့တန်းမှာရှိနေမှာပါ။

သူတို့နဗစ်ယောက်အပြင်နောက်ထပ်ရှေ့တန်းလူတစ်ဦးကသွန်ဆန်ကရိုင်းပါ။သွန်ဆန်ကရိုင်းကတော့မြန်မာအသင်းနဲ့

တွေ့ဆုံတိုင်းဂိုးသွင်းတတ်လို့သူ့ကိုမြန်မာပရိသတ်တွေရင်း

နှီးပြီးသားပါ။

ဘရာဇီးသားဆယ်တန်ဆေးဗားကထိုင်းလိဂ်ရဲ့ဂန္တဝင်

နိုင်ငံခြားသားကစားသမားတစ်ဦးပါ။သူဟာထိုင်းလိဂ်ရဲ့ထိပ်သီးအသင်းကြီးတွေဖြစ်တဲ့တယ်ရိုဆာဆနာ၊

မြောင်တောင်အသင်းတွေမှာကစားဖူးပြီးထိုင်းလိဂ်ဂိုးတစ်ရာသွင်းနိုင်ခဲ့တဲ့ပထမဆုံးနိုင်ငံခြားကစားသမားပါ။

မက္ကဆီကိုလိဂ်နဲ့တရုတ်လိဂ်မှာသွားကစားဖူးပြီးသူနောက်ဆုံးကစားခဲ့တာကရှန်ဟိုင်းရှန်နင်ပါ။

ဒီနစ်မှာတော့ချင်ရိုင်းအသင်းရဲ့ခေါ်ယူမှုနဲ့ထိုင်းလိဂ်ကိုပြန်လာခဲ့တာပါ။2012နဲ့2016ခုနှစ်တွေမှာထိုင်းလိဂ်ရဲ့ဂိုးသွင်းအများ

ဆုံးရွှေဖိနပ်ဆုရယူခဲ့တဲ့သူဆီကကျော်ကိုကိုအနေနဲ့သင်ယူစရာတွေများစွာရှိနေမှာပါ။ကျော်ကိုကိုနဲ့နောက်ထပ်တွဲကစား

ရမယ့်ထိုင်းကစားသမားသွန်ဆန်ကရိုင်းကတော့ပတ္တယားယူနိုက်တက်ကိုအဌားချခံရပြီးအခုမှချင်ရိုင်းကို

ပြန်လာတာပါ။သွန်ဆန်ကရိုင်းဟာတိုက်စစ်မှူဆိုပေမယ့်တောင်ပံကစားသမားပိုဆန်ပါတယ်။ဒီအတွက်ကြောင့်

နောက်နှစ်ဘောလုံးရာသီချင်ရိုင်းအသင်းရဲ့ရှေ့တန်းမှာဆယ်တန်ဆေးဗားနဲ့ကျော်ကိုကိုအတွဲကိုမြင်တွေ့ရဖို့များ

နေပါတယ်။

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။