University အမျိုးသမီးဘောလုံးအသင်းဟာ

KBZ Women's League ကိုဒီနှစ်မှဝင်ရောက်

ယှဉ်ပြိုင်တဲ့အသင်းသစ်တစ်သင်းပါ။ငယ်ရွယ်နုပျိုတဲ့

ဗာစီတီကျောင်းသူလေးတွေဖြစ်လြို ့ပိိုင်ပွဲအတွေ့အကြံုနုနယ်

နေသေးတာအမှန်ပါ။ကံမကောင်းစွာပဲသူတို့ဟာ

ဒီရာသီရဲ့အဖွင့်ပွဲစဉ်မှာအမျိုးသမီးလိဂ်ရဲ့အင်အားကြီး

အသင်းတစ်သင်းဖြစ်တဲ့Sport&Education FC အသင်း

နဲ့သွားတွေ့ပါတယ်။Sport&Education FC အသင်းဟာ

မြန်မာ့လက်ရွေးစင်ကစားသမားခင်မာလာထွန်း

ဦးဆောင်နေတဲ့အသင်းပါ။

ပွဲစပြီဆိုတာနဲ့အတွေ့အကြံုရင့်ကစားသမားများစွာပါဝင်နေတဲ့

Sport&Education FC အသင်းကဗာစီတီအမျိုးသမီးအသင်းကိုတစိဖက်သတ်ဖိကစား

ခဲ့ပါတယ်။Sport&Education အသင်း အဓိက ကစားသမားများဖြင့် ပွဲထွက်ခဲ့ပြီး တိုက်စစ်မှာရီရီဦး၊ ခင်မာလာထွန်းတို့ တွွဲဖက်ဆော့ကစားခဲ့ကြပါတယ်။

အတွေ့အကြံုနုနယ်တဲ့ဗာစီတီအသင်းကိုခင်မာလာထွန်း

အကြိမ်ကြိမ်ကျော်ဖြတ်ကာဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာတော့Sport&Education အသင်း က

ဗာစီတီအသင်းကိုကိုးဂိုးဂိုးမရှိနဲ့ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။

Sport&Education FC အသင်းဟာဗွေဆော်ဦး

ပွဲစဉ်မှာဂိုးပြတ်အနိုင်ရလဲ့တာကြောင့်လာမယ့်ပွဲတွေ

အတွက်ယုံကြည်မှုပိုရှိသွားပါတယ်။ဗာစီတီကတော့

အဖွင့်ပွဲမှာရှုံးနိမ့်ခဲ့တာကြောင့်ဖိအားတွေအောက်ကျရောက်ခဲ့

ရပါတယ်။မနေ့ကလက်ရှိချန်ပီယံမြဝတီနဲ့သစ္စာအားမာန်

တို့ရဲ့ပွဲမှာတော့တစ်ဖက်တစ်ဂိုးစီသရေကျခဲ့ပါတယ်။

Source-KBZ Women League

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။