မိတ်ဆွေတို့နေထိုင်နေတဲ့ ကမ္ဘာကြီးမှာ သဘာဝကပေးထားတဲ့ လက်ဆောင်လေးတွေ အများကြီးရှိကြပါ တယ်။ငွေကုန်ကျသက်သာသလို အလွယ်တကူရရှိနိုင်တဲ့ သဘာဝကပေးတဲ့ ဆေးတစ်ခွက်ကတော့ ကြက်ဟင်းခါးသီးပဲ ဖြစ်ပါတယ်နော်။ ကြက်ဟင်းခါးသီးဆိုရင် ကြိုက်တဲ့သူတွေ ကကြိုက်ကြပေမဲ့ တစ်ချို့ကတော့ ခါးသက်သက် အရသာရှိတာကြောင့် သိပ်မစားဖြစ်ကြပါဘူး။ ကြက်ဟင်းခါးသီးက အရှေ့တောင် အာရှနိုင်ငံများမှာ လူကြိုက်များတဲ့ သီးနှံတစ်မျိုးပါ။ ခြောက်သွေ့စိုစွတ်တဲ့ နေရာတွေမှာ ပေါက်ရောက်တာများပါတယ်။ ကြက်ဟင်းခါးသီးကိုဝယ်ယူတဲ့အခါမှာ အဖုအထစ်လေးတွေက စိမ်းနေလျင် အရသာပိုခါးတတ်ပါတယ်နော်။ ကြက်ဟင်းခါးသီးကမှည့်ပြီးဆိုရင် အဝါရောင်အဖြစ်ပြောင်းသွား တတ်ပါ တယ်။ အသီးထဲမှာတော့အစေ့လေးတွေက အနီရောင်အဖြစ်ရှိနေတတ်ပါတယ်။ ကြက်ဟင်းခါးသီးကို စားတော့မယ်ဆိုရင် အခါးသက်သာအောင် ပါးပါးလိမ်းပြီးဆားရည် (၁၀) မိနစ်လောက်စိမ်ထားလိုက်ရင် အခါးသက်သာစေပါတယ်။

ကြက်ဟင်းခါးသီးက မိတ်ဆွေတို့အတွက် များစွားအထောက်အကူပြုတယ်ဆိုတာသိအောင် ပြောပြသွားမှာ ပါနော်။အမျိုးသားတွေအတွက်လည်း အသုံးဝင်တဲ့ဆေးစွမ်းကောင်တစ်လက်ဖြစ်ပါတယ်။ ဗီတာမင်ဓာတ် ၊အမျှင်ဓာတ်တွေများစွာပါဝင်တဲ့အတွက် သွေးကိုသန့်စင်စေပါတယ်။သွေးအဆိပ်တက်ပြီး အရေပြားယားယံ ခြင်းများအတွက် ကြက်ဟင်းခါးသီးကို သံပုရာသီးရည်နှင့် ဆတူရောစပ်ကာ သောက်သုံးပေးနိုင်ပါတယ်။ ကြက်သွန်နီသတ္တုရည်(၂)ဇွန်း သံပုရာရည် (၁) ရောစပ်ကာသောက်သုံးပါက ကာလဝမ်းရောဂါကို ပျေက် ကင်းနိုင်ပါတယ်။ သွေးချိုရောဂါဖြစ်နေတဲ့သူတွေအတွက် နံနက်တိုင်းမှာ ကြက်ဟင်းခါးသီးကို ပျားရည်၊ မုန်လာဥနီ၊ပန်းသီးဖျော်ရည် တို့်ဖြင့်ရောစပ်ြ့ပီးသောက်နိုင်ပါတယ်။ ကြက်ဟင်းခါးသီးကို ပုံမှန်ဟင်းတစ်ခွက် အနေနဲ့စားပေးပါကလည်း ခွန်အားကိုတိုးပွားစေပြီး သက်လုံးကောင်းစေပါတယ်နော်။အမျှင်ဓာတ်ပါဝင်တဲ့ အတွက်လည်း ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်နော်။ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ အမြင်အာရုံချို့ယွင်း ခြင်း၊တို့်ကို ကာကွယ်ပေးပါတယ်။ပြီးတော့ အမျိုးသားတွေ အရက်နာကျနေသူတွေလည်း ကြက်ဟင်းခါးသီး ကိုအရည်ညစ်သောက်ခြင်းဖြင့် ကောင်းကျိုးဖြစ်နိုင်ပါတယ်။

နောက်တစ်ခုကတော့ လိပ်ခေါင်းသမားတွေအတွက် ကြက်ဟင်းခါးသီးသတ္တုရည်ကို ထောပတ်နှင့်ဖျော်ပြီး နံနက်တိုင်းသောက်ပေးပါက သက်သာလာစေပါတယ်။လိပ်ခေါင်းြသွေးကျနာဖြစ်တဲ့သူတွေ အနေနဲ့ ကြက် ဟင်းခါးသီးရဲ့အမြစ်ကို သွေးပြီးအနာပေါ်လိမ်းပေးပါကလည်း အနာကျက်မြန်စေပါတယ်။ အရည်ပြား အတွက်အင်ပြင်ထခြင်း၊ ပွေး၊နှင်းခူနာ၊ဝက်ခြံသမားတွေအတွက် ကြက်ဟင်းခါးသီးကများစွာ အသုံးဝင်ပါ တယ်။ အရေးကြီးတာတစ်ခုကတော့ HIV ပိုးကိုလည်း တိုက်ထုတ်နိုင်ပါတယ်နော်။သတိပြုရမှာကတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ရှောင်သင့်ပါတယ်။ ပန်းနာရောဂါခံစားနေရသူများ လည်ချောင်းနာ၊ အာသီးရောင်ဖြစ်နေသူများအနေဖြင် ပျားရည် (၁၀)ဆကို ကြက်ဟင်းခါးသီးရည် (၁)ဆ ရေ(၄)ဆရော ရောက်သောက်ခြင်းဖြင့် သက်သာပျေက်ကင်းစေနိုင်ပါတယ်။ အားလုံးပဲကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြ ပါစေနော်။

Source : pauk pauk

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။