သရုပ်ဆောင်မေပန်းချီကိုတော့ “ လင်ကြောက်ရွာ” ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာ ပရိသတ်ကြီး မြင်တွေ့ရတော့မှာပါ။ လတ်တလောမှာတော့ အနုပညာရိုက်ကူးအလုပ်များနဲ့ ခရီးများထွက်ကာ မအားလပ်ဖြစ်နေတဲ့သူမက ဒီနေ့မှာတော့ အလွှင့်စတိုင် အဝါရောင် တီရှ ပ်ကလေးနဲ့အတူ ရိုက်ကူးထားတဲ့ သူမရဲ့ပုံလေးတွေကို ဖော်ပြလာပါတယ်။ ဒီလိုစတိုင်လေးနဲ့လည်း လွတ်လပ်ပေါ့ပါးစတိုင်နဲ့လည်း တမျိုးကြည့်ကောင်းနေသူပါပဲ။

လှိုင်းတွန့်စတိုင်အနက်ရောင်ဆံပင်ရှည်များနဲ့ သူမက အထာကျကာလန်းနေတာတော့ ပရိသတ်ကြီး အမြင်ပါပဲ ။သူမရဲ့ ပရိသတ်တွေကတော့ ဝိတ်ချဖို့ပြောနေကြသလို ဒီတိုင်းပဲနေ ပါလို့လဲ ပြောနေကြပါတယ်။ ဘာပဲဖြစ်ဖြစ် လှနေတာတော့ သူမရဲ့ဆွဲဆောင်မှုတစ်ခုပါ။ အချစ်ရေးကတော့ အနုပညာသမားမို့ သူမရဲ့အလုပ်တွေကို နားလည်တဲ့သူ သူမကိုတန်ဖိုး ထားချစ်ပေးမယ့်သူနဲ့ ဖူးစာစုံခဲ့ရင်တော့ လက်တွဲမှာပါလို့ ဆိုပါတယ်။ လူတိုင်း အချစ်ဆိုတာ ခံစားတက်တာကြောင့် သူမကိုယ်တိုင်ကလဲ မိသားစုဘဝလေးကို ပိုင်ဆိုင်ချင်ပါတယ်လို့ ဆိုပါတယ်။

ဂျင်းစတိုင်တွေနဲ့မြင်တွေ့နေရတဲ့ သူမက KATE Amazing Jean Shop ကိုဖွင့်လှစ်ထားသူ တစ်ဦးလဲဖြစ်ပါတယ်။ ဂျင်းဖက်ရှင်ကိုနှစ်သက်သဘောကျသူတဲ့သူတွေအတွက်လည်း သူမရဲ့ဆိုင်လေးကို ကြော်ငြာဝင်ပေးလိုက်ပါတယ်နော်။ ဆိုင်အပြင်အဆင်နဲ့ ဒီဇိုင်းတွေကတော့ သူမအကြိုက်ပါတဲ့ ပရိသတ်ကြီးရေ။

Source – May Pan Che FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။